အင်အား ၅ သောင်း

February 9, 2021

စစ်အာဏာရှင်အလိုမရှိကြောင်း ယင်းမာပင်မြို့တွင် အင်အား ၅ သောင်းကျော် ဆန္ဒပြ

ယင်းမာပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ၊ ကျောင်းသား၊ ပညာရေးဝန်ထမ်းနဲ့ လူမှုရေးအသင်းတွေအပါအဝင် လူအင်အား ၅ သောင်းကျော် ဆန္ဒပြပွဲခဲ့ကြတယ်လို့ သိရပါတယ်။

10 months Ago

February 7, 2021

အာဏာရှင်စနစ်ကျဆုံးရေးနှင့်ဖမ်းထားသူများလွှတ်ပေးရန် ပုသိမ်တွင် အင်အား ၅ သောင်းကျော် ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက် ၈ နာရီအချိန်ကစတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး မြို့ခံ ပြည်သူ အင်အား ၅ သောင်းကျော်လောက်က ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြတဲ့ ပြည်သူတွေဟာ ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည်ဆန္ဒပြခဲ့ပြီး ပုသိမ်မြို့တော်ခန်းမရှေ့နဲ့ တိုင်အစိုးရအဖွဲ့ရုံးရှေ့တွေကိုတော့ ရဲအင်အား ရာချီ လုံခြုံရေးရယူထားတာကြောင့် ဖြတ်ခွင့်မရရှိခဲ့ပါဘူး။

ဆန္ဒပြသူတွေဟာ မနက် ၈ နာရီကနေ ၁၀ နာရီအထိနဲ့ မွန်လွဲ ၁ နာရီကနေ ၃ နာရီအထိ ရဲတပ်ဖွဲ့လုံခြုံရေးယူထားတဲ့ လမ်းကရှောင်ပြီး ကျန်တဲ့ မြို့ပေါ်လမ်းတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့ပြည်သူတွေကို လမ်းဘေးကနေ လက်ခုပ်တီးအားပေးသလို သောက်ရေသန့်နဲ့ အချိုရည်ဘူးတွေ ပေးပြီး အပြန်အလှန် လက် ၃ ချောင်းထောင်နူတ်ဆက်တာတွေ လည်း ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒပြပွဲကို ပုသိမ်မှာ ဒီနေ့မနက်ပိုင်းက လူအင်အား ၅ သောင်းကျော်နဲ့ ပြုလုပ်ခဲ့သလို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ လူအင်အားထောင်နဲ့ချီပြီ ပြုလုပ်ခဲ့ကြပါတယ်။

မင်းထက်မုန်း

10 months Ago
Up