အင်အား ၁ သိန်းခွဲ

February 13, 2021

ချောက်ရေနံမြေ အထွေထွေသပိတ် အင်အား ၁ သိန်းခွဲခန့် ပါဝင်

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ချောက်ရေနံမြေအထွေထွေသပိတ်ကို ရဟန်းရှင်လူအလုပ်သမားတွေနဲ့ ဘာသာပေါင်းစုံ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ၊ သခင်ဖိုးလှကြီးနယ်မြေက အင်ဂျင်နီယာအဖွဲ့တွေ ပူပေါင်းဆန္ဒပြခဲ့ကြပါတယ်။

ချောက်ရေနံမြေအထွေထွေသပိတ်  ၇ ရက်မြောက်နေ့မှာ ရဟန်းသံဃာ၊ သီလရှင် ဆရာလေးတွေ၊ စက်ရုံအလုပ်ရုံဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမတွေ၊ ပရဟိတ်အဖွဲ့တွေ၊ အသင်းအဖွဲ့တွေပူးပေါင်းပြီး မြို့ပတ်ဆန္ဒထုတ်ဖော်နေကြပြီး ဗိုလ်ချုပ်ကြေးရုပ်မှာလည်း ခေတ္တရပ်နားပြီး အလေးပြုခဲ့ကြပါတယ်။

ချောက်မြို့နယ်အတွင်း မြို့ပေါ်မှာ အထွေထွေသပိတ်ကို ဒီကနေ့မှာ မြို့နယ်အတွင်းကျေးလက်က ပြည်သူတွေ  လာရောက်ပူးပေါင်းခဲ့လို့ အင်အား တစ်သိန်းခွဲလောက် ဖြစ်လာပါတယ်။

2 years Ago
Up