အင်အားသောင်းချီ

February 14, 2021

သရက်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားသောင်းချီ ဆန္ဒပြ

မကွေးတိုင်းဒေသကြီး သရက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈ ရက်မြောက်အဖြစ် ဒီနေ့မနက်က ဝန်ထမ်းနဲ့ပြည်သူအင်အားသောင်းချီပြီး မြို့တွင်းလမ်းလျှောက်ကာ ကြွေးကြော်သံတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ 

မျိုးဆက်သစ် လူငယ်အမျိုးသမီးငယ်တဦးက “ဆရာ/ဆရာမတွေရဲ့လမ်းပြသွန်သင်မှုကို တဆင့်ပြီးတဆင့်ခံယူပြီးမှ GEN Z  ဆိုတဲ့မျိုးရိုးထဲကို ကျမတိုရောက်လာတာ။ သူတို့လက်ထဲမှာ လက်နက်ရှိပေမယ့် ကျမတို့ခေါင်းထဲက ဥနှောဏ်ကပဲ သူတို့ကို တိုက်ထုတ်သွားမှာ၊ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အောင်ဆန်းစိတ်ဓာတ်ကပဲ သူတို့ကို တိုက်ထုတ်သွားမှာ” လို့ ပြောပါတယ်။

ဆန္ဒပြပြည်သူတဦဂက “ကျနော်တို့ရဲ့လွတ်လပ်မှုတွေ မရမချင်း၊ အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်ရမယ်” လိုပြောပါတယ်။

တောင်သူအမျိုးသမီးတစ်ဦးက “ကျမတို့လယ်ကထွက်တဲ့ စပါးနဲ့သီးနှံတွေ ကိုယ်မစားရတဲ့ခေတ်ကို ပြန်မရောက်ချင်ပါဘူး။ သူတို့လက်ထဲ အာဏာရောက်တာ ၂ ရက်တစ်ပိုင်းရှိသေးတယ်၊ ခုဆိုရင်ရွာမှာ ဝါးလှည်းတွေတောင်ဖမ်းနေပါပြီ” လို့ ပြောကြားသွားပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ဝန်ထမ်းတွေ CDM လှူပ်ရှားမှုဆောင်ရွက်မှာဖြစ်လို့ သရက်မြို့က ဝန်ထမ်းတွေ အားလုံးပူးပေါင်းပါဝင်ပေးဖို့ ဦးဆောင်သူတွေက ဟောပြောခဲ့ကြပါတယ်။

ဘဦး

10 months Ago
Up