အင်အားသုံး ဖြိုခွင်း

October 11, 2020

ရုရှားအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်း

ရုရှားနိုင်ငံ အရှေ့စွန်းဒေသမှာ ကာလကြာရှည် ဆင်နွှဲနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲတွေက အင်အားသုံး ဖြိုခွင်းပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူ ၂၅ ယောက်ကိုလည်း ဖမ်းခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ မြို့လယ်ရင်ပြင်မှာ သပိတ်စခန်းဖွင့်ရေး ယာယီတဲတွေဆင်ဖို့ တရားမဝင် ကြိုးစားမှုကြောင့် ဖမ်းတာလို့ ဆိုပါတယ်။ ဒေသတွင်း နိုင်ငံရေးအကြပ်အတည်းအား သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ကိုင်တွယ်ပုံကို ဆန့်ကျင်ပြီး ခါဘာရို့ဗ်စ်ခ်မြို့မှာ ဆန္ဒပြနေတာ ပြီးခဲ့တဲ့ ၃ လတည်းကပါ။ ဒိုင်းတွေနဲ့ နံပါတ်တုတ်တွေ ကိုင်ထားတဲ့ ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေပြီး ရဲကားတွေနဲ့ တင်ခေါ်သွားပါတယ်။  ရုရှားမြို့တော် မော်စကိုရဲ့အရှေ့ဘက် မိုင် ၃၈၀၀ အကွာမှာရှိတဲ့ ဒေသတွင်း လူကြိုက်များ တဲ့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်ကို လူသတ်မှုနဲ့ ဇူလိုင် ၉ ရက်မှာ ထိန်းသိမ်းထားပြီးတည်းက ဒေသခံတွေက အပတ်စဉ် ချီတက်ဆန္ဒပြနေတာပါ။  အုပ်ချုပ်ရေးမှူးကတော့ လူသတ်မှုကို သူ မကျူးလွန်ဘူးလို့ ငြင်းထားပါတယ်။ 
7 months Ago
Up