အီရတ်လုံခြုံရေးတပ်တွေက အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို အောက်တိုဘာ ၂၅ ရက်က ရေအမြောက်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတွေဆီကို ရောက်တဲ့ တံတားပေါ်က အရံ အတားတွေကို ကျော်ဖို့ ကြိုးစားချိန် ဟန့်တားခဲ့ကြတာပါ။
မြို့တော် ဘဂ္ဂဒက်နဲ့ တောင်ပိုင်းမြို့ တချို့မှာ ရာချီတဲ့ အီရတ်ပြည်သူတွေ လမ်းတွေပေါ် ထွက်လာခဲ့ကြပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။
အီရတ်မှာ အချိန်တနှစ်ကြာ လူထုဆန္ဒပြပွဲတွေကြောင့် မငြိမ်သက်မှုတွေအတွင်း လူ အယောက် ၅၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
ဆန္ဒပြသူတွေက အာဏာပိုင်တွေဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီ တွေ စစ်သွေးကြွအုပ်စုတွေလို့ စွပ်စွဲထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း အဂတိလိုက်စားမှုက ချမ်းသာတဲ့ အီရတ်နိုင်ငံတဝန်း လှိုက်စားပျက်စီးစေခဲ့ပါတယ်။
၂၀၁၇ မှာ အိုင်အက်စ်စစ်သွေးကြွတွေကို နှိမ်နင်းအပြီး တိုင်းပြည်က အကောင်းဘက်ကို ပြောင်းလာပေမယ့် သန်းချီတဲ့ လူတွေဟာ နေ့စဉ် လူနေမှုဘဝအတွက် ရုန်းကန်နေရဆဲပါ။
လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းတဲ့ရေနဲ့ ပညာရေး စနစ်တို့က ချို့တဲ့ ယိုယွင်းနေသလို ခြိမ်းခြောက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်ပေးဆွဲမှုတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။
2 years Ago