ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်ရှိ ရဲဌာနချုပ်ရှေ့မှာ သြဂုတ် ၁၇ ရက်က လာရောက်ဆန္ဒပြခဲ့ကြတဲ့ အစိုးရဆန့်ကျင်သူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်တွေ သုံးပြီး အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မနေ့က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူဦးရေ ၂၃၉ ယောက်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကပ်ဘေးကို အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား မကျပ်မနပ်ဖြစ် ဒေါသတွေ ကြီးထွားလာနေပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ရာထူးက ဆင်းပေးရေး တောင်းဆိုဖို့ ဘန်ကောက်မြို့လယ်မှာ ဆန္ဒပြသူတွေ ၃ ရက်ဆက်တိုက် စုရုံးခဲ့ဆန္ဒပြခဲ့ ကြပါတယ်။
ဩဂုတ် ၁၆ ရက်က ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှုအတွင်း လူငယ်ဆန္ဒပြသူ တယောက်ရဲ့ ဦးခေါင်းထဲကို ကျည်ဆန်ဝင်ပြီး ကိုမာအဆင့်မှာ သတိလစ် မေ့မြောနေခဲ့ပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ဆန္ဒပြသူ လူငယ်ဟာ လည်ပင်းမှာ သေနတ်ဒဏ်ရာရခဲ့အပြီး ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ သူ့ဦးနှောက်နားမှာ ကျည်ဆန်ဝင်နေတာ တွေ့ခဲ့ရတယ်လို့ ရာ့ချ်ဝိထီဆေးရုံက ပြောပါတယ်။ ကျည်ဆန်ထိမှန်တဲ့ လူငယ်ဟာ အသက် ၁၅ နှစ်သာ ရှိသေးတယ်လို့ သူ့မိခင်က ပြောပါတယ်။
ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကျည်အစစ်တွေကို မသုံးခဲ့ဘူးလို့ ပြောပေမဲ့ တခြား လူငယ်တယောက်လည်း ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဆန္ဒပြသူတွေနဲ့အတူ လက်တွဲ လုပ်ကိုင်နေတဲ့ ဆေးဘက်ဝန်ထမ်းတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အဆိုပါ လူငယ်မှာ အသက် ၁၄ နှစ်ခန့်သာရှိပြီး ကျည်ဆန်က ညာဘက်ပုခုံးကိုထိမှန်ခဲ့ကြောင်း၊ လက်ရှိ ကျူလာဆေးရုံမှာတက်ရောက်ကုသနေရတယ်လို့ The voice TV မှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၆ ရက်က ဆန္ဒပြပွဲအတွင်း လူ ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက် အရေးပေါ်ဌာနက ပြောပါတယ်။
PhotoCredit-Khaosod
ပခုက္ကူခရိုင် ရေစကြိုမြို့မှာ မတ်လ ၂ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒထုတ်ဖော် သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက စတင်အင်အားသုံး ဖြိုခွင်း လူစုခွဲခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က စတင်ပြီး သပိတ်စစ်ကြောင်းတွေကို အင်အားသုံး တားဆီးပိတ်ဆို့တာတွေရှိခဲ့ပြီး မတ်လ ၂ ရက်နေ့မှာတော့ အသံဗုံးပစ်ဖောက် ပြီး လူစုခွဲခဲ့တာဖြစ် ပါတယ်။
"သေနတ် ငါးချက်ဖောက်တာဗျ၊ အဓိက ကတော့ လူစုခွဲခိုင်းပြီးတော့ ပစ်တယ်ပေါ့နော် နောက်က ရဲရော စစ်ကားရော အချုပ်ကားတွေရော လိုက်တယ်ပေါ့နော်၊ တစ်ယောက်တော့ဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ပြန်ပြီးတော့ လွတ်လာတယ်ပေါ့နော်။ ပြန်တောင်းကြတော့ ပြန်လွတ်လာတယ်။ ကျနော်တို့ဘက်ကလူတွေကလည်း ဒီဘက်က ရှေ့ဆက်ပြီးတော့ ထွက်ဖို့ရှိတယ် တဖက်က ပိုပြီးတော့ ဖြိုခွင်းလာဖို့တော့ရှိတယ်လို့ ထင်တယ်ပေါ့နော်။ အခုလည်း စပြီးတော့ဖြိုခွင်းလာပြီပေါ့”။ လို့ ဆန္ဒထုတ်ဖော်မှုမှာ ဦးဆောင် ပါဝင်သူတစ်ဦးကပြောပါတယ်။
အင်အားသုံးဖြိုခွင်းခံရမှုတွေရှိပေမယ့်လည်း အင်အား ၄၀၀၀ လောက်အထိ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။ ဖြိုခွင်းခံရမှုတွေ ရှိတာကြောင့် ဆန္ဒထုတ်ဖော်မှုကို လမ်းကြောင်းလွှဲကာ ပြုလုပ်ခဲ့ကြပြီး မြို့ပေါ်လမ်း တချို့မှာပဲ ဖော်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ရေစကြိုမှာ လူအင်အားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက စတင်ခဲ့ပြီး မတ်လ ၂ရက်နေ့မှာတော့ ၂၄ရက်မြောက်နေ့ဖြစ်ပါတယ်။