အင်အားသာလွန်

November 5, 2020

အာတိတ်ဒေသတွင် အင်အားသာလွန်အောင် လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော 

အာတိတ်ဒေသမှာ ရုရှားက ရေခဲခွဲသင်္ဘောအုပ်စုကို ပြန်အသက်သွင်းပြီး အင်အားသာလွန်သူ ဖြစ်အောင် လုပ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က  ပြောပါတယ်။ ရုရှားဟာ မြောက်ပင်လယ်လမ်းကြောင်းကို သုံးပြီး ကုန်စည်သယ်ပို့မှု တိုးတက်အောင် လုပ်ရေး အပါအဝင် ဒေသတွင်း စီးပွားရေးအလားအလာကို ဖော်ထုတ်ဖို့ ပိုတိုးအားထုတ်နေတာပါ။ မြောက်ပင်လယ်လမ်းကြောင်းဟာ ရုရှားရဲ့ အာတိတ်ဒေသထဲက မာမန့်စ်ခ်ကနေ အလာစကာနားက ဘယ်ရင်ရေလက်ကြားကို ချိတ်ဆက်ထားပါတယ်။ လတ်တလောနှစ်တွေအတွင်း ရုရှားဟာ စွမ်းအင်ကြွယ်ဝတဲ့ဒေသတွေထဲက စွန့်ပစ်ထားတဲ့ ဆိုဗီယက်ခေတ် စစ်တပ် လေတပ်နဲ့ ရေဒါအခြေစိုက်စခန်းတွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒါဟာ အစဉ်အလာ ပြိုင်ဘက်ဖြစ်တဲ့ ကနေဒါ၊ အမေရိကန်၊ နော်ဝေနဲ့ ပြိုင်ဘက်သစ် တရုတ်တို့ကို အန်တု သြဇာလွှမ်းဖို့ ရုရှားအစိုးရရဲ့ ရည်မှန်းချက်ပါ။ စိန့်ပီတာစဘတ်မြို့မှာ ရေခဲခွဲသင်္ဘောတစီးကို ထုတ်ပြရင်း ပူတင်က ရုရှားဟာ အာတိတ် ရေတပ်အင်အားစုကို ခေတ်မီအောင် ဆက်လုပ်သွားမယ်လို့လည်း ကတိပေးပါတယ်။
1 year Ago
Up