အင်အားဖြည့်တင်းမည်

November 6, 2019

ချဲလ်ဆီးအသင်း ကစားသမားများ ခေါ်ယူခွင့်ပြန်ရပါက အသင်းကို အင်အားဖြည့်တင်းမည် 

ချဲလ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ယူခွင့်ရပါက  အသင်း အင်အားဖြည့်တင်းဖို့ ပေါင်သန်း ၁၅၀ နဲ့ ကစားသမား အနည်းဆုံး ၃ ဦးခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။   ကစားသမား ခေါ်ယူခွင့်ရခဲ့မယ်ဆိုရင် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ရှိတယ်လို့ ချဲလ်ဆီး နည်းပြ လမ်းပတ်ကလည်း ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ အသက် ၁၈ နှစ်အောက် ကစားသမားတွေကို တရားမဝင် ခေါ်ယူခဲ့တာကြောင့် ဖီဖာက အပြောင်းအရွှေ့ကာလ နှစ်ခုမှာ ကစာသမား ခေါ်ယူခွင့် ပိတ်ပင်ထားတာပါ။ အဲဒီပြစ်ဒဏ်ကို အယူခံဝင်ထားတဲ့အတွက် လာမယ့်နိုဝင်ဘာ ၂၀ ရက်မှာ အားကစားဆိုင်ရာ ခုံရုံးမှာ ကြားနာမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ် လျှော့ချခဲ့မယ်ဆိုရင်တော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ကတော့ အသင်းရဲ့ လူစာရင်း တိုးတက်မှုတွေ ရှိလာဖို့အတွက် အပြောင်းအရွှေ့မှာ အမြဲတမ်း စောင့်ကြည့်လေ့ရှိကြောင်း၊ ခေါ်ယူခွင့်ရခဲ့မယ်ဆိုရင်တော့ ကောင်းမယ်ထင်တဲ့ ကစားသမားတွေကို အသင်းလူစာရင်းထဲကို အင်အားဖြည့်တင်းသွားမှာ ဖြစ်ကြောင်း လမ်းပတ်က ပြောပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ကစားသမား ခေါ်ယူခွင့်ရခဲ့မယ်ဆိုရင် ခရစ္စတယ်ပဲလေ့က ဇာဟာ၊ လက်စတာ ဘင်ချီဝဲလ်နဲ့ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာတို့ကို စုစုပေါင်း ပေါင်သန်း ၁၅၀ ခန့်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2 years Ago
Up