အင်အားပြလှည့်လည်

October 15, 2020

ချီဖွေမြို့၌ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူများ အင်အားပြလှည့်လည်

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဝန်းရံထောက်ခံသူ ၃၀၀ လောက်  အောက်တိုဘာ ၁၅ ရက်က အင်အားပြ လှည့်လည်ခဲ့ပါတယ်။ ချီဖွေမြို့မှာ ၂၀၁၅ တုန်းက ဒေသအခြေအနေအရ စိုးရိမ်ရတဲ့ နေရာဒေသဖြစ်တဲ့အတွက် မဲဆွယ်ခွင့်မရခဲ့ပါဘူး။ ၂၀၂၀ မှာ မဲဆွယ်ခွင့်ရခဲ့တဲ့အတွက် ပြည်သူတွေ အန်အယ်လ်ဒီပါတီကို ယုံကြည်မှုရှိအောင်နဲ့ ဒီနေ့ဒီချိန်ဒီလိုလုပ်ခွင့်ရတာဟာ ဒီမိုကရေစီခေတ်ကာလရောက်ရှိပြီဆိုတာကို ပြည်သူတွေကို သိစေချင်တဲ့အတွက် ပြုလုပ်ခဲ့တာလို့ ချီဖွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇောင်းဒိုင်က ပြောပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ ချီဖွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်နဲ့အညီ အင်အားပြလှည့်လည်တာ ပထမဆုံးအကြိမ် ဖြစ်ပြီး ကျန်ရပ်ကွက်ကျေးရွာမှာတော့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာတွေက သီးခြားလုပ်ဆောင်ဖို့ ရှိပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချီဖွေမြို့နယ်ကနေ အန်အယ်လ်ဒီ  ကိုယ်စားလှယ်လောင်း ၄ ဦး ပါဝင်ယှဉ်ပြိုင်မယ်လို့  ချီဖွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလုတ်စိန်ယိန်းခေါက​ ပြောပါတယ်။ သတင်း- ဂျာစင်းတာ
7 months Ago
Up