အင်အားပြင်းမုန်တိုင်း

December 23, 2019

အင်အားပြင်းမုန်တိုင်းကြောင့် စပိန်နှင့် ပေါ်တူဂီတွင် လူ ၈ ဦးထက်မနည်းသေဆုံး

စပိန်နိုင်ငံနဲ့ ပေါ်တူဂီနိုင်ငံဆီကို ဒီဇင်ဘာ ၂၂ ရက်က အင်အားပြင်းမုန်တိုင်းနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်ခဲ့တာကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ရေကြီး ရေလျှံခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် လေပြင်းတိုက်ခဲ့လို့ သစ်ပင်တွေ၊ လမ်း၊ တံတားတွေ ပျက်စီးခဲ့တဲ့အပြင် လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။  ဒီဇင်ဘာ ၁၈ ရက်က စပိန်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းဆီကို မုန်တိုင်း အယ်ဆာ ဝင်ရောက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်မှာတော့ မုန်တိုင်း ဖာဘီယန် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။   ဒါ့ကြောင့် စပိန်မြောက်ပိုင်းက ဂါလီစီယာဒေသနဲ့ အက်စတိုရီယာဒေသတွေမှာလည်း ကမ်းရိုးတန်းတလျှောက် လေပြင်းတွေတိုက်ပြီး လှိုင်းကြီးနေပါတယ်။  နိုင်ငံအနောက်မြောက်ပိုင်းက အတ္တလန္တိတ်ကမ်းရိုးတန်းမှာ လှိုင်းအမြင့် ပေ ၃၀ အထိ မြင့်တက်ခဲ့ပြီး တနာရီကို အများဆုံး လေတိုက်နှုန်း ၈၅ မိုင်အထိ တိုက်ခတ်ခဲ့တယ်လို့ စပိန် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။
2 years Ago
Up