အင်အားပြ

A d v e r t i s e m e n t With Us

October 30, 2020

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ လှေအစီး ၅၀၀ ခန့်ဖြင့် အင်အားပြမည့်အစီအစဉ် ဖျက်သိမ်း (ဓာတ်ပုံ)

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက အောက်တိုဘာ ၃၀ ရက်က အင်းထဲမှာ လှေအစီး ၅၀၀ ဝန်းကျင်၊ လူအင်အား သောင်းချီပြီး အင်အားပြမဲဆွယ်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်-၁၉ စည်းကမ်းချက်ကြောင့် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ အထက်မကျော်ရလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့အတွက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက စီစဉ်ပြီးသား အင်းထဲလှေနဲ့ မဲဆွယ်စည်းရုံးအင်အားပြမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တာလို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီက ပြောပါတယ်။ 

အင်းအမျိုးအဖွဲ့ချုပ်ပါတီအနေနဲ့ တောင်ကြီးမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၂ နေရာ၊ ညောင်ရွှေမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ခွန်ရာဇာ

3 months Ago

October 18, 2020

မင်းလှတွင် အန်အယ်လ်ဒီပါတီ ထောက်ခံသူများ အင်အားပြ (ဓာတ်ပုံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၁၈ ရက် မနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကို  ဝန်းရံထောက်ခံသူတွေ ထောင်နဲ့ချီ လှည့်လည်အင်အားပြကြပါတယ်။ မင်းလှမြို့တွင်းကနေ စတင်ထွက်ခွာပြီး  ရန်ကုန်-ပြည်ကားလမ်းတလျှောက် ဇီးကုန်းမြို့ထိ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ အင်အားပြ လှည့်လည်ခဲ့တာလို့ လှည်လည့်ရာမှာ ပါဝင်တဲ့ ကိုရဲသူ‌အောင်က ပြောပါတယ်။ မင်းလှမြို့နယ်မှေ အန်အယ်လ်ဒီပါတီဝန်းရံသူတွေက ခုလိုလှည့်လည်ဝန်းရံအင်အားပြတာ ၅ ကြိမ်မြောက်ရှိသွားပြီလို့ သိရပါတယ်။ မင်းလှမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစတဲ့ ပါတီ ၄ ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
3 months Ago
Up