အင်ဒိုအမျိုးသား

August 3, 2019

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကီလိုမီတာ ၈၀၀ နောက်ပြန်လမ်းလျှာက်သည့် အင်ဒိုအမျိုးသား

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သူမတူတဲ့ စိန်ခေါ်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီး ရှားအမျိုးသားတဦးဟာ ကမ္ဘာ့မီဒီယာတွေထက်မှာ ရေပန်းစားနေတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။  ဒီအမျိုးသားဟာ အသက် ၄၃ နှစ်အရွယ် မီဒီဘတ်တိုနီပါ။ သူဟာ သူ့နေထိုင်တဲ့ အရှေ့ဂျာဗားကနေ မြို့တော်ဂျာကာတာအထိ ကီလိုမီတာ ၈၀၀ ဝေးတဲ့ခရီးကို နောက်ပြန်သွားရောက်ခဲ့ပြီး သမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  ဘတ်တိုနီဟာ အရှေ့ဂျာဗားမှာရှိတဲ့ သူ့ရွာ ဒိုနိုကနေ ဇူလိုင် ၁၈ ရက်နေ့ကစတင် ထွက်ခွာခဲ့ပြီး သြဂုတ် ၁၇ ရက်နေ့မှာ ကျရောက်မယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အမီ ဂျာကာတာမှာရှိတဲ့သမ္မတနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သမ္မတဆီက မျိုးစေ့တစ်စေ့ကိုတောင်းယူကာ သူ့ရွာအနီးမှာရှိတဲ့ ဝီလ်တောင်ကုန်းမှာ စိုက်ပျိုးပြီး မိုးသစ်တောတွေကို ထိန်းသိမ်းရေး ပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရယူဖို့ပဲဖြစ်ပါတယ်။  တက်ကြွလှုပ်ရှားသူတွေက သစ်တောထိန်းသိမ်းရေးအတွက် လုပ်ဆောင်ခဲ့ပြီးဖြစ်ပေမယ့် သမ္မတတယောက်ဆီက လာတဲ့အပင်က လူတွေ အာရုံစိုက်စရာပိုမိုဖြစ်စေတယ်လို့ ယူဆတာကြောင့် ဒီလိုမျိုး ကီလို ၈၀၀ ကို နောက်ပြန်လျှောက်ရခြင်းဖြစ်တယ် လို့ သူကပြောပါတယ်။  အသက် ၄၃ နှစ်အရွယ်အမျိုးသားဟာ တနေ့ကို ကီလို ၃၀ အထိ နောက်ပြန် လျှောက်ဖို့စီ စဉ်ထားပြီး ဒီလိုလျောက်နိုင်ရေးအတွက်လည်း ပိုက်တွေနဲ့ ဖန်တီးထားတဲ့ နောက်ကြည့်မှန်တခုကို သူ့ရဲ့ခန္ဓာကိုယ်မှာ တပ်ဆင်ထားပါတယ်။  သူဟာ ရှစ်ကီလိုဂရမ်အလေးချိန်ရှိတဲ့ အထောက်အကူပြုပစ္စည်းတွေ ပါဝင်တဲ့ အိတ်တလုံးကိုသာ သယ်ဆောင်လာပြီး လမ်းပေါ်တွေမှာရှိတဲ့ ကြင်နာတတ်သူတွေက သူ့ခရီးစဉ်ကို ပြီးဆုံးဖို့ ကူညီပေးမယ်လို့လည်း သူကယုံကြည်နေပါတယ်။  ဒါ့အပြင် ဒီလမ်းခရီးကို နောက်ပြန်သွားရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံအတွက်တိုက်ပွဲဝင်သွားခဲ့တဲ့ သူရဲကောင်းတွေကို နောက်ပြန်လှည့်ကြည့်ဖို့ လိုအပ်နေပြီဆိုတာပြသဖို့ ရည်ရွယ်တယ်လို့ သူကပြောပါတယ်။
Zawgyi Version သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ကီလိုမီတာ ၈၀၀ ေနာက္ျပန္လမ္းလွ်ာက္သည့္ အင္ဒိုအမ်ိဳးသား DVB သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ သူမတူတဲ့ စိန္ေခၚမႈတစ္ရပ္ကို လုပ္ေဆာင္ခဲ့တဲ့ အင္ဒိုနီး ရွားအမ်ိဳးသားတဦးဟာ ကမာၻ႔မီဒီယာေတြထက္မွာ ေရပန္းစားေနတယ္လို႔ OC သတင္းမွာ ေဖာ္ျပပါတယ္။ ဒီအမ်ိဳးသားဟာ အသက္ ၄၃ ႏွစ္အ႐ြယ္ မီဒီဘတ္တိုနီပါ။ သူဟာ သူ႔ေနထိုင္တဲ့ အေရွ႕ဂ်ာဗားကေန ၿမိဳ႕ေတာ္ဂ်ာကာတာအထိ ကီလိုမီတာ ၈၀၀ ေဝးတဲ့ခရီးကို ေနာက္ျပန္သြားေရာက္ခဲ့ၿပီး သမၼတနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ ဘတ္တိုနီဟာ အေရွ႕ဂ်ာဗားမွာရွိတဲ့ သူ႔႐ြာ ဒိုႏိုကေန ဇူလိုင္ ၁၈ ရက္ေန႔ကစတင္ ထြက္ခြာခဲ့ၿပီး ၾသဂုတ္ ၁၇ ရက္ေန႔မွာ က်ေရာက္မယ့္ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ၇၄ ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အမီ ဂ်ာကာတာမွာရွိတဲ့သမၼတနဲ႔ ေတြ႕ဆုံမွာျဖစ္ပါတယ္။ ဒီလိုလုပ္ရျခင္းရဲ႕ အဓိကရည္႐ြယ္ခ်က္ကေတာ့ သမၼတဆီက မ်ိဳးေစ့တစ္ေစ့ကိုေတာင္းယူကာ သူ႔႐ြာအနီးမွာရွိတဲ့ ဝီလ္ေတာင္ကုန္းမွာ စိုက္ပ်ိဳးၿပီး မိုးသစ္ေတာေတြကို ထိန္းသိမ္းေရး ျပည္သူေတြရဲ႕ အာ႐ုံစိုက္မႈကို ရယူဖို႔ပဲျဖစ္ပါတယ္။ တက္ႂကြလႈပ္ရွားသူေတြက သစ္ေတာထိန္းသိမ္းေရးအတြက္ လုပ္ေဆာင္ခဲ့ၿပီးျဖစ္ေပမယ့္ သမၼတတေယာက္ဆီက လာတဲ့အပင္က လူေတြ အာ႐ုံစိုက္စရာပိုမိုျဖစ္ေစတယ္လို႔ ယူဆတာေၾကာင့္ ဒီလိုမ်ိဳး ကီလို ၈၀၀ ကို ေနာက္ျပန္ေလွ်ာက္ရျခင္းျဖစ္တယ္ လို႔ သူကေျပာပါတယ္။ အသက္ ၄၃ ႏွစ္အ႐ြယ္အမ်ိဳးသားဟာ တေန႔ကို ကီလို ၃၀ အထိ ေနာက္ျပန္ ေလွ်ာက္ဖို႔စီ စဥ္ထားၿပီး ဒီလိုေလ်ာက္ႏိုင္ေရးအတြက္လည္း ပိုက္ေတြနဲ႔ ဖန္တီးထားတဲ့ ေနာက္ၾကည့္မွန္တခုကို သူ႔ရဲ႕ခႏၶာကိုယ္မွာ တပ္ဆင္ထားပါတယ္။ သူဟာ ရွစ္ကီလိုဂရမ္အေလးခ်ိန္ရွိတဲ့ အေထာက္အကူျပဳပစၥည္းေတြ ပါဝင္တဲ့ အိတ္တလုံးကိုသာ သယ္ေဆာင္လာၿပီး လမ္းေပၚေတြမွာရွိတဲ့ ၾကင္နာတတ္သူေတြက သူ႔ခရီးစဥ္ကို ၿပီးဆုံးဖို႔ ကူညီေပးမယ္လို႔လည္း သူကယုံၾကည္ေနပါတယ္။ ဒါ့အျပင္ ဒီလမ္းခရီးကို ေနာက္ျပန္သြားရတဲ့ ရည္႐ြယ္ခ်က္ကလည္း ႏိုင္ငံအတြက္တိုက္ပြဲဝင္သြားခဲ့တဲ့ သူရဲေကာင္းေတြကို ေနာက္ျပန္လွည့္ၾကည့္ဖို႔ လိုအပ္ေနၿပီဆိုတာျပသဖို႔ ရည္႐ြယ္တယ္လို႔ သူကေျပာပါတယ္။
2 years Ago
Up