အင်ဒိုနီးရှား

A d v e r t i s e m e n t With Us

February 24, 2021

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ခရီးစဉ် ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ စင်ကာပူနိုင်ငံထုတ် သည်စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံကို သွားဖို့ သင့်လျော်တဲ့ အချိန်မဟုတ်တာကြောင့် ခုလိုခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ အင်ဒိုနီးရှားနို်ငငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ အွန်လိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ မနက်ဖန် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ နေပြည်တော်ကို နေ့ချင်းပြန်သွားရောက်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့  အစီအစဉ် ရှိခဲ့တာပါ။ 

သူ့ရဲ့ခရီးစဉ်အထမြောက်ခဲ့ရင်တော့  မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကို ပထမဆုံးရောက်လာတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့  နိုင်ငံခြားရေးဝန်ကြီးအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီအနေနဲ့ ဒေသတွင်းအဆင့် ဆွေးနွေးအဖြေရှာဖို့  နေပြည်တော်ကို သွားရောက်ဖို့ရည်ရွယ်တာလို့လည်းဆိုပါတယ်။

အာဏာသိမ်းစစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲသစ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကသဘောတူလာအောင်  အင်ဒိုနီးရှာနိုင်ငံကတိုက်တွန်းနေတယ်လို့ ရိုက်တာသတင်းက ရေးသား ဖော်ပြခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ် မြန်မာပြည်သူတွေက ရန်ကုန်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးကို  ဖေဖော်ဝါရီ ၂၃ ရက်မနက် သွားရောက် ဆန္ဒပြနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အလွန်စိုးရိမ် တဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ပြောထားပါတယ်။

PHOTO- REUTERS

2 weeks Ago

February 6, 2021

နိုင်ငံရေးကွဲပြားမှုများကို ဥပဒေနည်းလမ်းတကျ ဖြေရှင်းရန် မြန်မာကို အင်ဒိုနှင့်မလေးရှား တိုက်တွန်း

နိုင်ငံရေးကွဲပြားမှုတွေကို ဥပဒေနည်းလမ်းတကျ ဖြေရှင်းဖို့ မြန်မာနိုင်ငံကို အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ 

မလေးရှားဝန်ကြိးချုပ် မူဟီဒင်ယာဆင် နဲ့ တွေ့ဆုံပြီးနောက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာအာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အခြေခံဥပဒေအရ တင်မြှောက်ထားတဲ့အစိုးရနဲ့ ပတ်သက်လို့ ထိန်းသိမ်းလိုက်နာရမယ့် အာဆီယံအခြေခံမူတွေကို ဆက်လက်လိုက်နာမယ် မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

မလေးဝန်ကြီးချုပ် မူဟီဒင်ယာဆင်ကလည်း မြန်မာ့နိုင်ငံရေးအခြေအနေဟာ နိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် ရင်လေးစရာကောင်းတယ်လို့  ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အထူးနိုင်ငံခြားရေး အစည်းဝေးကျင်းပဖို့ ခေါင်းဆောင်နှစ်ဦးက အာဆီယံအဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

1 month Ago
More News
Up