အင်ဒိုနီးရှားယူ၁၈

August 19, 2019

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှား ယနေ့ တတိယလုမည်

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားတို့ ဒီနေ့ညနေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားအသင်းတို့ဟာ အုပ်စုတွင်းမှာလည်း တွေ့ဆုံခဲ့ပြီး တဖက်တဂိုးစီ သရေကျခဲ့တာပါ။ မြန်မာယူ-၁၈ အသင်းဟာ အုပ်စု အေမှာ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ အတူကျရောက်ခဲ့ပြီး လာအိုကို သုံးဂိုး တဂိုး၊ ဖိလစ်ပိုင်ကို လေးဂိုး တဂိုး၊ တီမောကို တဂိုး ဂိုးမရှိ၊ ဘရူနိုင်းကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အင်ဒိုနီးရှားနဲ့ တဂိုးစီ သရေကျခဲ့တာပါ။ အင်ဒိုနီးရှားအသင်းကလည်း အုပ်စုတွင်းပွဲစဉ်တွေမှာ ဖိလစ်ပိုင်ကို ခုနှစ်ဂိုး တဂိုး၊ တီမောကို လေးဂိုး ဂိုးမရှိ၊ ဘရူနိုင်းကို ခြောက်ဂိုး တဂိုး၊ လာအိုကို နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး မြန်မာနဲ့ တဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားတို့ဟာ လေးပွဲနိုင် တပွဲသရေကျပြီး ရမှတ် ၁၃ မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက် အသာရတဲ့ အင်ဒိုနီးရှားက အုပ်စု ပထမ၊ မြန်မာက အုပ်စု ဒုတိယနေရာကနေ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းက သြစတြေးလျနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ဂိုး တဂိုးနဲ့ ရှုံးခဲ့သလို အင်ဒိုနီးရှားကလည်း မလေးရှားကို လေးဂိုး သုံးဂိုးနဲ့ ရှုံးနိမ့်ကာ နှစ်သင်းစလုံး ဗိုလ်လုပွဲနဲ့ ဝေးပြီး တတိယနေရာလုပွဲ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
Zawgyi Version အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ျမန္မာႏွင့္ အင္ဒိုနီးရွား ယေန႔ တတိယလုမည္ DVB ဗီယက္နမ္ႏိုင္ငံမွာ က်င္းပေနတဲ့ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ တတိယေနရာလုပြဲအျဖစ္ ျမန္မာနဲ႔ အင္ဒိုနီးရွားတို႔ ဒီေန႔ညေန ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ ျမန္မာနဲ႔ အင္ဒိုနီးရွားအသင္းတို႔ဟာ အုပ္စုတြင္းမွာလည္း ေတြ႕ဆုံခဲ့ၿပီး တဖက္တဂိုးစီ သေရက်ခဲ့တာပါ။ ျမန္မာယူ-၁၈ အသင္းဟာ အုပ္စု ေအမွာ အင္ဒိုနီးရွား၊ လာအို၊ တီေမာ၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္းတို႔နဲ႔ အတူက်ေရာက္ခဲ့ၿပီး လာအိုကို သုံးဂိုး တဂိုး၊ ဖိလစ္ပိုင္ကို ေလးဂိုး တဂိုး၊ တီေမာကို တဂိုး ဂိုးမရွိ၊ ဘ႐ူႏိုင္းကို ႏွစ္ဂိုး ဂိုးမရွိနဲ႔ႏိုင္ၿပီး အင္ဒိုနီးရွားနဲ႔ တဂိုးစီ သေရက်ခဲ့တာပါ။ အင္ဒိုနီးရွားအသင္းကလည္း အုပ္စုတြင္းပြဲစဥ္ေတြမွာ ဖိလစ္ပိုင္ကို ခုႏွစ္ဂိုး တဂိုး၊ တီေမာကို ေလးဂိုး ဂိုးမရွိ၊ ဘ႐ူႏိုင္းကို ေျခာက္ဂိုး တဂိုး၊ လာအိုကို ႏွစ္ဂိုး တဂိုးနဲ႔ႏိုင္ၿပီး ျမန္မာနဲ႔ တဂိုးစီ သေရက်ခဲ့ပါတယ္။ ျမန္မာနဲ႔ အင္ဒိုနီးရွားတို႔ဟာ ေလးပြဲႏိုင္ တပြဲသေရက်ၿပီး ရမွတ္ ၁၃ မွတ္စီ တူညီေပမယ့္ ဂိုးကြာျခားခ်က္ အသာရတဲ့ အင္ဒိုနီးရွားက အုပ္စု ပထမ၊ ျမန္မာက အုပ္စု ဒုတိယေနရာကေန ဆီမီးဖိုင္နယ္ တက္ေရာက္ခဲ့တာပါ။ ဆီမီးဖိုင္နယ္မွာ ျမန္မာအသင္းက ၾသစေၾတးလ်နဲ႔ ေတြ႕ဆုံခဲ့ၿပီး ႏွစ္ဂိုး တဂိုးနဲ႔ ႐ႈံးခဲ့သလို အင္ဒိုနီးရွားကလည္း မေလးရွားကို ေလးဂိုး သုံးဂိုးနဲ႔ ႐ႈံးနိမ့္ကာ ႏွစ္သင္းစလုံး ဗိုလ္လုပြဲနဲ႔ ေဝးၿပီး တတိယေနရာလုပြဲ ယွဥ္ၿပိဳင္ရတာ ျဖစ္ပါတယ္။
2 years Ago
Up