အင်တာ ခေါ်ယူ

January 21, 2020

ချဲလ်ဆီး တောင်ပံကစားသမားကို အငှားစာချုပ်ဖြင့် အင်တာ ခေါ်ယူ

ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဗစ်တာမော့ဆက်ဟာ ပေါင် ၈ ဒသမ ၅ သန်း တန်ကြေးရှိ အငှားစာချုပ်နဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ဗစ်တာမော့ဆက်ဟာ မီလန်‌မြေကို ရောက်ရှိနေပြီဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။  အင်တာမီလန်အသင်းအနေနဲ့ မော့ဆက်အပြင် အိုလီဗီယာဂီရောတ့်ကိုလည်း ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။  အင်တာမီလန်အသင်းအနေနဲ့ စီးရီးအေချန်ပီယံဆုကို တကျော့ပြန်ရရှိဖို့အတွက် ကြိုးပမ်းနေပြီး ကစားသမားသစ် ဖြည့်တင်းမှုတွေ များစွာပြုလုပ်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
1 year Ago
Up