အင်တာမီလန်တိုက်စစ်မှူး

A d v e r t i s e m e n t With Us

June 8, 2020

ဘာစီလိုနာအသင်း ဘဏ္ဍာရေးအခက်အခဲကြောင့် မာတီနက်ဇ်ကိုခေါ်ရန် လက်လွှတ်ရဖွယ်ရှိ

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြန့်ကြာနေတာ ကြောင့် လက်လွှတ်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။  စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ မာတီနက်ဇ်ဟာ ဘာစီလိုနာရဲ့ နံပါတ်တစ် ပစ်မှတ်တိုက်စစ်မှူး ဖြစ်ပေမယ့်လည်း စာချုပ်ပါလျော်ကြေး ပေါင် ၉၉ သန်းကို ပေးချေဖို့ ဘာစီလိုနာဘက်က တွေဝေနေတယ်လို့ ဆိုပါတယ်။  ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်းမှာ  ပေါင် ၁၃၄ သန်းခန့် အရှုံးပြခဲ့တာကြောင့် ဘဏ္ဍာရေးအခက်အခဲတချို့ ရှိတယ်လို့ သိရပါတယ်။  မာတီနက်ဇ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူနိုက်တက်အသင်းကလည်း စောင့်ကြည့်နေတာကြောင့် ဘာစီလိုနာဘက်က လက်ဦးမှု ရယူနိုင်ခြင်းမရှိရင်တော့ မာတီနက်ဇ်ကို ဆုံရှုံးရနိုင်ခြေရှိတယ်လို့ မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။  အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်ဟာ အင်တာမီလန်မှာ ၁၆ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
9 months Ago
Up