အင်တာမီလန်တိုက်စစ်မှူ

October 17, 2019

ဆန်းချက်ဇ် ခြေကျင်းဝတ်ဒဏ်ရာ အောင်မြင်စွာ ခွဲစိတ်ကုသ

အင်တာမီလန်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ခြေကျင်းဝတ်ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ ကိုလံဘီယာအသင်းနဲ့ခြေစမ်းပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရ ခဲ့တာဖြစ်ပါတယ်။ဒဏ်ရာပြင်းထန်တာကြောင့် စပိန်နိုင်ငံ ဘာစီလိုနာမြို့အထိ သွားရောက် ကုသခဲ့ရပြီး လက်ရှိအချိန်မှာ ခွဲစိတ်ကုသမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်အနေနဲ့ ၁၂ပတ်ခန့် အနားယူရမှာဖြစ်ပြီး အင်တာမီလန်အသင်းရဲ့ပွဲစဉ်အများစုကိုလည်း လွဲချော်တော့မှာဖြစ်ပါတယ်။  ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ မန်ယူအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။
2 years Ago
Up