အင်တာမီလန်

August 10, 2021

ချဲလ်ဆီး ပြောင်းမည့် လူကာကူကို ငွေမက်သူဟု အင်တာပရိသတ်များ ဝေဖန်

ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့လုပ်ဆောင်နေတဲ့ လူကာကူကို ငွေကြေးမက်သူလို့ အင်တာမီလန်အသင်းပရိသတ်တွေက  ပြစ်တင်ဝေဖန်နေပါတယ်။ 

အင်တာမီလန်တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ဖို့အတွက် လန်ဒန်ကို ရောက်ရှိနေတာပါ။ မကြာခင်မှာ အပြောင်း အရွှေ့ အပြီးသတ်ဖို့ရှိနေတဲ့ လူကာကူနဲ့ ပတ်သက်ပြီး အင်တာမီလန်ပရိသတ်တွေက လူမူကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် ဝေဖန်ခဲ့ကြတာပါ။ 

မန်ယူနိုက်တက်ကနေအသင်းကို ရောက်ရှိလာချိန်မှာ မိသားစုဝင် တစ်ဦးလို ကြိုဆိုပြီး အားပေးခဲ့ပေမယ့် လူကာကူဟာ သူ့ကိုယ်သူ ငွေမက်သူဖြစ်ကြောင်း သက်သေပြနေတယ်လို့ အင်တာမီလန်ပရိသတ်တွေရဲ့ လူမူကွန်ရက် Group တစ်ခုမှာ ဝေဖန်ခဲ့ပါတယ်။ 

အသက် ၂၈ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၃၀ သွင်းခဲ့ပြီး စီးရီးအေချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ 

အင်တာမီလန်ဟာ အခုနှစ်ရာသီအတွက် ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြကွန်တီအပါအဝင် နာမည်ကြီး ကစားသမားတွေနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ အသင်းပိုင်ရှင်ကိုလည်း အင်တာပရိသတ်တွေက ဝေဖန်ပါတယ်။ 

လူကာကူဟာ အင်တာမီလန်မှာ အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်းခန့်ရရှိပြီး ချဲလ်ဆီးမှာတော့ ပေါင် ၃ သိန်းခွဲရရှိမှာဖြစ်ပြီး အခွန်ဆောင်ပြီး နောက် ပေါင် ၂ သိန်းခန့်ရရှိမှာဖြစ် တယ်လို့ သိရပါတယ်။

1 month Ago

August 9, 2021

တိုက်စစ်မှူး မာစီယယ်ကို ပေါင်သန်း၅၀ ဖြင့် အင်တာမီလန်ကမ်းလှမ်းမှု မန်ယူလက်ခံမည်

မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး မာစီယယ်အတွက် အင်တာမီလန်ရဲ့ကမ်းလှမ်းမှုကို လက်ခံသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ အဓိကတိုက်စစ်မှူး လူကာကူကို ချဲလ်ဆီးအသင်းဆီ ရောင်းချဖို့ သဘောတူညီခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူး မာစီယယ်ကို ပြန်ခေါ်ဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးအတွက် ပေါင်သန်း၅၀ နဲ့ ကမ်းလှမ်းထားပြီး မန်ယူနိုက်တက်ဘက်က လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ 

မာစီယယ်ဟာ ယူနိုက်တက်နဲ့ ၃ နှစ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ 

နည်းပြ ဆိုးလ်ရှားကတော့  မာစီယယ်အနေနဲ့ ဒဏ်ရာကြောင့် အနားယူရတဲ့ အချိန်ကာလကြာမြင့်ခဲ့တာကြောင့် လေ့ကျင့်ခန်းပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။ 

မာစီယယ်ဟာ လွန်ခဲ့တဲ့ ၆နှစ်က  မိုနာကိုအသင်းကနေ မန်ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

1 month Ago
More News
Up