အင်တာနက် ဖြတ်တောက်မှု ရပ်တန့်ရေး

A d v e r t i s e m e n t With Us

June 21, 2020

အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ရေး လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၈ မြို့နယ်မှာ အင်တာနက်ဖြတ်တောက်တာ ၁ နှစ်ပြည့်အဖြစ် တက်ကြွလှုပ်ရှားတွေက အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ရေး လှုံ့ဆော်ရေးစာတန်းကို ရန်ကုန်မြို့ရှိ ဆူးလေ ခုံးတံတားမှာ ချိတ်ဆွဲကာ လှုပ်ရှားမှုတခုကို ဒီကနေ့ ဇွန် ၂၁ ရက်မှာ ပြုလုပ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် ၁ နှစ်ပြည့်တိုင်အောင် အစိုးရက လျစ်လျူရှုထားနေဆဲ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။ ရက္ခိုင့်တပ်တော် အေအေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေကို ပြီးခဲ့တဲ့နှစ် ဇွန် ၂၁ ရက် ကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သံတမန်အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ထားတဲ့အပေါ် ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ပြည်သူတွေ ကျန်းမာရေး၊ ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ ရရှိနိုင်ရေးနဲ့ မျှဝေနိုင်ရေးအတွက် အင်တာနက်နဲ့ မီဒီယာရရှိရေးမှာ ရွေးကောက်ပွဲကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွန်စွာ အရေးကြီးတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေကို ရရှိသင့်တယ်လို့ ရေးသားထားပါတယ်။   Photo - JPaing / MPA
9 months Ago
Up