အင်တာနက်စာမျက်နှာ

August 27, 2019

အကြမ်းဖက်အစွန်းရောက်ဝါဒီများ၏ အင်တာနက်စာမျက်နှာများကို သြစတြေးလျ ပိတ်ပင်မည်

အကြမ်းဖက်တိုက်ခိုက်မှုတွေကို အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒီတွေရဲ့ အင်တာနက်စာမျက်နှာတွေကို ပိတ်ပင်သွားမယ်လို့ သြစတြေးလျအစိုးရက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။  သြစတြေးလျနဲ့ နယူးဇီလန်အစိုးရတွေဟာ မတ်လက ခရိုက်စ်ချာ့ချ်မြို့ လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုအပြီးမှာ အင်တာနက်နဲ့ လူမှုကွန်ရက်မီဒီယာတွေကို ပိုတင်းကျပ်လာခဲ့တာပါ။  နယူးဇီလန်က ဗလီနှစ်ခုမှာ ဝတ်ပြုသူ ၅၁ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ သေနတ်သမား ဘရန်တွန် တောရန့်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။  ဒီလိုမျိုး ဖြစ်စဉ်တွေအား လက်ခံတဲ့ အင်တာနက် ဒိုမိန်းတွေကို ပိတ်ဆို့မယ့် မူဘောင်တရပ် ချမှတ်မယ်လို့ အစိုးရက ပြောပါတယ်။ ဆင်ဆာဖြတ်သင့်သလားဆိုတာ အမှုတခုချင်းစီအပေါ် မူတည်ပြီး သြစတြေးလျ အင်တာနက် ဘေးကင်းရေး ကော်မရှင်နာမင်းကြီးက ဆုံးဖြတ်မယ်၊ အကြပ်အတည်းနဲ့ တိုက်ခိုက်မှု ဖြစ်နေချိန်တွေမှာ ဒါမျိုးကိစ္စကို အမြန်ပိတ်ဆို့ဖို့ စီစဉ်စရာရှိတာတွေကို လုပ်ငန်းတွေနဲ့အတူ လုပ်ဆောင် စီစဉ်နေတယ်လို့ အစိုးရက ပြောပါတယ်။ တယ်လ်စထရာ၊ Vodafone, TPG၊ Optus၊ Facebook, YouTube, Amazon, Microsoft နဲ့ Twitter တို့လို နည်းပညာ လုပ်ငန်းကြီးတွေက ထောက်ခံချက်တွေ ဘယ်လိုပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး လာမယ့်လကုန်ပိုင်းမှာ အစိုးရကို အချက်အလက် အသေးစိတ်တွေ ပေးဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က အရပ်ဘက် မငြိမ်သက်မှုတွေ ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက်မှုတွေကို အစီရင်ခံရာမှာ မီဒီယာတွေအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  ခရိုက်စ်ချာ့ချ် တိုက်ခိုက်မှု တိုက်ရိုက် ထုတ်လွှင့်ချက်ထဲက တည်းဖြတ်ထားတဲ့ ရုပ်သံ အစိတ်အပိုင်းတချို့ကို ပြသမှုအတွက် နယူးဇီလန်ရုပ်သံအာဏာပိုင်အဖွဲ့က Sky News New Zealand သတင်းဌာနကို အမေရိကန်ဒေါ်လာ ၂၅၆၀ နဲ့ ညီမျှတဲ့ ဒဏ်ငွေ ပေးဆောင်ခိုင်းခဲ့ပါတယ်။  ဒီထုတ်လွှင့်မှုက သတင်းဖြစ်ဖို့ ထိုက်တန်ပေမယ့် အကြမ်းဖက် ရုပ်ပုံတွေဟာ စိတ်သောက ဖြစ်စေတဲ့အပြင် တိုက်ခိုက်သူကို ဂုဏ်တက်စေပြီး သူ့ရဲ့ သတင်းစကားကို အရောင်းမြှင့်တင်ပေးရာ ရောက်နေတယ်လို့ စည်းမျဉ်း ကြပ်မတ်သူတွေက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အၾကမ္းဖက္အစြန္းေရာက္ဝါဒီမ်ား၏ အင္တာနက္စာမ်က္ႏွာမ်ားကို ၾသစေၾတးလ် ပိတ္ပင္မည္ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို အြန္လိုင္းမွာ လႊင့္တင္ခဲ့တဲ့ အၾကမ္းဖက္ အစြန္းေရာက္ဝါဒီေတြရဲ႕ အင္တာနက္စာမ်က္ႏွာေတြကို ပိတ္ပင္သြားမယ္လို႔ ၾသစေၾတးလ်အစိုးရက ၾသဂုတ္ ၂၅ ရက္မွာ ေျပာပါတယ္။ ၾသစေၾတးလ်နဲ႔ နယူးဇီလန္အစိုးရေတြဟာ မတ္လက ခ႐ိုက္စ္ခ်ာ့ခ်္ၿမိဳ႕ လူအစုလိုက္ အၿပဳံလိုက္ အသတ္ခံရမႈအၿပီးမွာ အင္တာနက္နဲ႔ လူမႈကြန္ရက္မီဒီယာေတြကို ပိုတင္းက်ပ္လာခဲ့တာပါ။ နယူးဇီလန္က ဗလီႏွစ္ခုမွာ ဝတ္ျပဳသူ ၅၁ ေယာက္ ေသဆုံးခဲ့ရတဲ့ တိုက္ခိုက္မႈကို က်ဴးလြန္တယ္လို႔ စြပ္စြဲခံရတဲ့ ေသနတ္သမား ဘရန္တြန္ ေတာရန႔္က ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ေပၚကေန တိုက္႐ိုက္ ထုတ္လႊင့္ခဲ့ပါတယ္။ ဒီလိုမ်ိဳး ျဖစ္စဥ္ေတြအား လက္ခံတဲ့ အင္တာနက္ ဒိုမိန္းေတြကို ပိတ္ဆို႔မယ့္ မူေဘာင္တရပ္ ခ်မွတ္မယ္လို႔ အစိုးရက ေျပာပါတယ္။ ဆင္ဆာျဖတ္သင့္သလားဆိုတာ အမႈတခုခ်င္းစီအေပၚ မူတည္ၿပီး ၾသစေၾတးလ် အင္တာနက္ ေဘးကင္းေရး ေကာ္မရွင္နာမင္းႀကီးက ဆုံးျဖတ္မယ္၊ အၾကပ္အတည္းနဲ႔ တိုက္ခိုက္မႈ ျဖစ္ေနခ်ိန္ေတြမွာ ဒါမ်ိဳးကိစၥကို အျမန္ပိတ္ဆို႔ဖို႔ စီစဥ္စရာရွိတာေတြကို လုပ္ငန္းေတြနဲ႔အတူ လုပ္ေဆာင္ စီစဥ္ေနတယ္လို႔ အစိုးရက ေျပာပါတယ္။ တယ္လ္စထရာ၊ Vodafone, TPG၊ Optus၊ Facebook, YouTube, Amazon, Microsoft နဲ႔ Twitter တို႔လို နည္းပညာ လုပ္ငန္းႀကီးေတြက ေထာက္ခံခ်က္ေတြ ဘယ္လိုေပးမလဲဆိုတာနဲ႔ ပတ္သက္ၿပီး လာမယ့္လကုန္ပိုင္းမွာ အစိုးရကို အခ်က္အလက္ အေသးစိတ္ေတြ ေပးဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမဲ့ ဒီလုပ္ရပ္က အရပ္ဘက္ မၿငိမ္သက္မႈေတြ ဒါမွမဟုတ္ အၾကမ္းဖက္ တိုက္ခိုက္မႈေတြကို အစီရင္ခံရာမွာ မီဒီယာေတြအေပၚ ဘယ္လိုသက္ေရာက္မလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ခ႐ိုက္စ္ခ်ာ့ခ်္ တိုက္ခိုက္မႈ တိုက္႐ိုက္ ထုတ္လႊင့္ခ်က္ထဲက တည္းျဖတ္ထားတဲ့ ႐ုပ္သံ အစိတ္အပိုင္းတခ်ိဳ႕ကို ျပသမႈအတြက္ နယူးဇီလန္႐ုပ္သံအာဏာပိုင္အဖြဲ႕က Sky News New Zealand သတင္းဌာနကို အေမရိကန္ေဒၚလာ ၂၅၆၀ နဲ႔ ညီမွ်တဲ့ ဒဏ္ေငြ ေပးေဆာင္ခိုင္းခဲ့ပါတယ္။ ဒီထုတ္လႊင့္မႈက သတင္းျဖစ္ဖို႔ ထိုက္တန္ေပမယ့္ အၾကမ္းဖက္ ႐ုပ္ပုံေတြဟာ စိတ္ေသာက ျဖစ္ေစတဲ့အျပင္ တိုက္ခိုက္သူကို ဂုဏ္တက္ေစၿပီး သူ႔ရဲ႕ သတင္းစကားကို အေရာင္းျမႇင့္တင္ေပးရာ ေရာက္ေနတယ္လို႔ စည္းမ်ဥ္း ၾကပ္မတ္သူေတြက ေျပာပါတယ္။
2 years Ago
Up