အင်းဝအပ်ချုပ်ဆိုင်

A d v e r t i s e m e n t With Us

September 6, 2017

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦးနှိပ်စက်ခံရမှု သက်သေများကို စတင်စစ်ဆေး

  အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုကို   ကျူးလွန်ထားခြင်း မရှိကြောင်းနဲ့ လူကုန်ကူးမြောက်မမြောက်ကို တရားခံဘက်က သက်သေတွေကို စက်တင်ဘာ ၅ရက်က  စတင်စစ်ဆေးနေ ပါတယ်။ ပြစ်မှုကျူးလွန်ထားသူတွေလို့ စွပ်စွဲခံရသူတွေဘက်ကတော့ အပြစ်မရှိကြောင်း သက်သေပြဖို့ မြို့နယ်ထွေအုပ်၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်တချို့နဲ့ လူ့အခွင့်အရေး ကော်မရှင် ကော်မတီဝင်အဟောင်းဦးဇော်ဝင်းတို့ကို သက်သေအဖြစ်ခေါ်ထားပေမယ့်လည်း လက်ရှိရုံးချိန်းအထိ သက်သေအဖြစ်လာရောက်ထွက်ဆိုတာမရှိသေးပါဘူး။ စက်တင်ဘာလ ၅ ရက်နေ့ အချိန်ထိ တရားခံသက်သေတွေ စတင်စစ်ဆေးတာ ရုံးချိန်း ၅ ချိန်းရှိပြီဖြစ်ပြီး တရားခံပြသက်သေ ၁၂ ဦး စစ်ဆေးပြီးဖြစ်ပါတယ်။ ရုံးချိန်းမှာတော့ တရားခံပြသက်သေတဦးကို ဥပဒေအရာရှိက ပြန်လှန်မေးခွန်းတွေ စစ်မေးခဲ့ပြီး နောက်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။
4 years Ago

March 22, 2017

အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး၏ လက်ခွဲစိတ်မှုအောင်မြင်

  ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦးထဲက တစ်ဦးကို လက်ခွဲစိတ်ကုသမှု ရာနှုန်းပြည့်အောင်မြင်သွားပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ရန်ကုန်မြို့တွင်း အင်းဝအပ်ချုပ်ဆိုင်က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ မိန်းကလေး ၂ ဦးအမှုကို ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ထားရှိပြီး ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် အပြင်းအထန် ထိခိုက်ခဲ့တဲ့ လက်ကဒဏ်ရာတွေကို ခွဲစိတ်ကုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်အကူမိန်းကလေးတဦးဟာ ရာနှုန်းပြည့်ခွဲစိတ်ကုသမှု အောင်မြင်သွားပြီ ဖြစ်တဲ့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေခံယူနေပြီဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ “အခုဆိုရင် အိမ်အကူကလေးမလေးနှစ်ဦးထဲက တဦးကတော့ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပြီး သွားလို့ ကျမတို့ ဝန်ကြီးဌနမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကူညီပေး၊ ကုသမှုတွေ ခံယူနေပါပြီ။ ကျန်တဲ့တယောက်ကတော့ ခွဲစိတ်ကုသမှုတွေ ခံယူဖို့အတွက် ရန်ကုန်ဆေးရုံကြီးမှာဘဲ အတွင်းလူနာ အဖြစ် ဆက်ရှိနေပါသေးတယ်”လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောပါတယ်။ အိမ်အကူမိန်းကလေးတဦးကိုတော့ ခွဲစိတ်ကုသမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့ အတွက် ရန်ကုန်ဆေးရုံကြီးမှာပဲ အတွင်းလူနာအဖြစ် ဆက်လက်ထားရှိ ကုသပေးနေရတယ်လို့ ဆိုပါတယ်။ အိမ်အကူမိန်းကလေး ၂ ဦးလုံး ခွဲစိတ်ကုသမှုအောင်မြင်ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကုသပြီးပါက သူမတို့ စိတ်ပါဝင်စားတဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ်လို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။ “ဒီကလေးမလေးတွေက အခြားသူတွေလို မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအရမ်းခံစားခဲ့ရတော့ အရာရာကို ကြောက်ရွံ့ထိတ်လန့်နေသေးတယ်။ အဲအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှု တွေပြုလုပ်ပြီးသွားမှ သူတို့ဝါသနာပါတဲ့ လုပ်ချင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသွားဖို့ စီစဉ်ထားပါတယ်”လို့ ဒေါ်ယဉ်ယဉ်ပြုံးက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ညှဉ်းပန်းနှိပ်ဆက်ခံရတဲ့ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး ၂ ဦးဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားနေရပြီး အရာရာအပေါ် စိုးရိမ်ထိတ်လန့်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီအိမ်အကူ မိန်းကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးကိုတော့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်တရားရုံးထုတ် စစ်ဆေးခဲ့ပြီး အခုဆိုရင် ၇ လ ရှိပြီဖြစ်ပါတယ်။ သတင်း - အောင်ဆန်းဦး
4 years Ago
More News
Up