အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီးတွင်

August 31, 2017

အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီးတွင် တရားမဝင်သစ်စက် ၁ လုံး ပိုင်ရှင်မဲ့ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာအနီးမှာ သြဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန်က တရားမဝင်သစ်စက် ၁ လုံးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ သြဂုတ်လ ၂၉ ရက် ညနေ ၄ နာရီခွဲအချိန်က အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ လယ်ကွင်းတောစပ် ခန့်မှန်းမြေပုံညွှန်း KG-053875 မှာ တရားမဝင် သစ်စက် ၁ လုံး လည်ပတ်နေတယ်လို့ သတင်းအရ အင်းတော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်   ဒုရဲအုပ်အောင်အောင်နဲ့အဖွဲ့၊ မော်တိတ် ရဲကင်းစခန်းမှ ရဲတပ်ကြပ်နေမျိုးထွန်း၊ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနက တောအုပ် ဦးနေစိုးနဲ့ အဖွဲ့တို့ဟာ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကျွန်းသစ်လုံး ၁၂ လုံး ၂ ဒသမ ၇၆၄ တန်၊ ကျွန်းခွဲသားဆိုဒ်စုံ ၅၂ ချောင်း ၀ ဒသမ ၆၉၁၂ တန်၊ တရုတ်နိုင်ငံလုပ် အင်ဂျင် ၁ လုံး၊ ရှပ်တန်း ပူလီပါ ၁ စုံ၊ ပတ်တားကြိုး ၁ ချောင်း၊ စုစုပေါင်း ကာလတန်ဖိုး ၃၄၅၅၃၆ ကျပ်ကို ပိုင်ရှင်မဲ့ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တောအုပ်ဦးနေစိုးက ရှာဖွေပုံစံနဲ့ သိမ်းဆည်းပြီး သစ်စက်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
4 years Ago
Up