အင်းတော်မြို့နယ်တွင်

A d v e r t i s e m e n t With Us

November 27, 2017

အင်းတော်မြို့နယ်တွင် ဘိန်းမည်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဘိန်းမည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်းက ပြောပါတယ်။ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ရဲအုပ်ကျော်မင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး သတင်းအရ အင်းတော်-မိုးညှင်းသွား ကားလမ်း မိုင်တိုင်အမှတ် ၂၃၄ နားမှာ စောင့်ဆိုင်းနေချိန် အင်းတော်မြို့ဘက်ကနေ ဦးသိန်းမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ “သိန်းမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်ထဲက ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ဘိန်းမည်း (၆၅၃ ဒသမ ၂) ဂရမ်ပါ ၂ ထုပ်၊ ၁၅၀ ဂရမ်ပါ ၁ ထုပ်၊ စုစုပေါင်း ၁ ဒသမ ၄၅၆  ကီလို၊ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၄၃၆၈,၀၀၀ ခန့်ရှိတယ်” လို့ ကသာ မူးယစ်တပ်ဖွဲ့စု (၆) မှ ရဲအုပ်ကျော်မင်းထွန်းက ပြောပါတယ်။ အင်းတော်မြို့မရဲစခန်းက ဦးသိန်းမြင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
3 years Ago

October 1, 2017

အင်းတော်မြို့နယ်တွင် တရားမဝင်သစ်စက်နှင့် ကျွန်းသစ်လုံး ၅၇ လုံးဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မန်ဖာကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲက တရားမဝင်သစ်စက် ၂ လုံးနဲ့အတူ ကျွန်းသစ် ၅၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး၊ တောအုပ်ဦးအောင်လှိုင်ဝင်း၊ တောခေါင်း ဦးငြိမ်းသူရအောင်၊ မန်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တရားမဝင်သစ်စက်လည်ပတ်နေကြောင်း သတင်းအရ မန်ဖာကျေးရွာ အနောက်ဘက် ၄ မိုင်ခန့်အကွာ သစ်လွင်ကြိုးဝိုင်းအတွင်း ဝင်ရောက်ဖမ်းဆီးရာ သစ်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့အတူ သစ်ခွဲစက် ၂ လုံး၊ ကျွန်းသစ် ၅၇ လုံး ၁၈ ဒသမ ၂၂၂ တန်၊ ကာလတန်ဖိုး ၁၄၅၇၇၆၀ ကျပ်တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်စက်နဲ့ ကျွန်းသစ်လုံးတွေကို အင်းတော်မြို့နယ်သစ်တောဦးစီးက လုံခြုံတဲ့နေရာကို သယ်ယူဖို့ စီစဉ်နေပြီး သစ်စက်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်စိန်က ပြောပါတယ်။
3 years Ago
More News
Up