အင်းတော်မြို့တွင်

January 20, 2017

အင်းတော်မြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့၊ အောင်မေတ္တာ တိုးချဲ့ရပ်ကွက်မှာ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ကျပ်သိန်း ၂၄ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ နဲ့ wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းက ပြောပါတယ်။ ဖမ်းဆီးရမိပုံမှာ အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်သောင်းစိန်ထွန်းနဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ သတင်းအရ အင်းတော်မြို့ အောင်မေတ္တာတိုးချဲ့ရပ်ကွက်နေ ဦးစိုးဝင်းရဲ့ နေအိမ်ကို မြို့နယ်မှူးရဲ့ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် ၆/၁၇ ဖြင့် ဝင်ရောက်ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ နေအိမ်မှာ ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေးကိုသာ တွေ့ရှိပြီး နေအိမ်ဘေး မီးဖိုတဲအတွင်းမှ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါစပ်ကြားအမှုန့် ၃ ဒသမ ၅ ဂရမ်ခန့်ပါ ပလတ်စတစ်ဘူး တဘူး၊ တန်ဖိုး ၃၅၀၀၀၀ ကျပ်၊ ကမ္ဘာလုံးတံဆိပ်ပါအပြာရောင် ကပ်ခွာအိတ်အတွင်း ထည့်ထားသည့် wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉ ပြားပါ ၁ ထုပ်နဲ့ ၂၇၃ ပြားပါ ၁ ထုပ် စုစုပေါင်း ၄၂၂ ပြား တန်ဖိုး ၂၁၁၀၀၀၀ ကျပ်တို့ကို ရှာဖွေတွေ့ရှိတဲ့အတွက် ရဲအုပ်သောင်းစိန်ထွန်းက အင်းတော်မြို့မရဲစခန်းမှာ တရားလိုပြုလုပ် တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အင်းတော်မြို့မရဲစခန်းမှ ဒေါ်သင်းသင်းအေး နဲ့ ဦးစိုးဝင်း (တိမ်းရှောင်) တို့ ၂ ဦးကို မူးယစ် (ပ)၆/၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုစစ် ရဲအုပ်သောင်းစိန်ထွန်းက အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်းပေးပို့သူ - ကိုကျော်(အင်းတော်)
6 years Ago
Up