အင်းတော်တွင် ​ကျောက်​ကားတစီး တိမ်း​မှောက်၊ ၄ ဦး​ သေဆုံး

May 13, 2019

အင်းတော်တွင် ​ကျောက်​ကားတစီး တိမ်း​မှောက်၊ ၄ ဦး​ သေဆုံး

စစ်​ကိုင်းတိုင်း​ဒေသကြီး အင်​​တော်​မြို့နယ်​ ရွာ​ဟောင်း​ကျေးရွာအနီး ​မေ ၁၂ ရက်​​နေ့ ​နေ့ မွန်းလွဲပိုင်းက ​ကျောက်​တင်​​ဆောင်​လာ​တဲ့ ကားတ​စီး တိမ်​​မှောက်​ရာက ၄ ဦး​သေဆုံးပြီး ၁၁ ဦး ထိခိုက်​ဒဏ်​ရာရခဲ့တယ်လို့ အင်​​တော်​မြို့မရစခန်းက သိရပါတယ်​။ ဖြစ်​စဉ်​မှာ မိုးသူ​ကျေးရွာ ရွာမ ဘုန်​​တော်​ကြီး​ကျောင်း ​ဆောက်​လုပ်​​ရေးအသုံးပြုဖို့​ ​ကျောက်​တွေ တင်​​ဆောင်​လာတဲ့ ယာဉ်​​မောင်း ​မောင်​​ပေါ ​မောင်းနှင်​တဲ့ အပြာ​ရောင်​ ၆ ဘီယာဉ်​ဟာ နားခါ ​ကျေးရွာနားမှာ အရှိန်​မထိမ်းနိုင်​ဘဲ တိမ်း​မှောက်​ခဲ့​တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်နေရာမှာ ၃ ဦးနဲ့ ဆေးရုံပို့ဆောင်ကုသခဲ့သူ ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်​ဒဏ်ရာ ရရှိပါတယ်။ ယာဉ်​​မောင်း ​မောင်​​ပေါအား အင်​​တော်​မြို့မရဲစခန်းက​ ပေါ့ဆှေုကြောင့် လူ​သေဆုံး​စေမှု ပုဒ်မ ၃၀၄ က နဲ့  အ​ရေးယူထား​တယ်လို့ သိရပါတယ်။ ကိုလင်း (ချောက်)
2 years Ago
Up