အင်းတော်တွင်

A d v e r t i s e m e n t With Us

April 22, 2018

အင်းတော်တွင် ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် ကျွဲနွား ၄ ကောင်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မင်းကုန်းရွာ၊ အလယ်ကျွန်းရွာ၊ သက်ခါးကျေးရွာ ၃ ရွာဆုံ စားကျက်မြေမှာ ပေါင်ပုပ်လက်ပုပ်ရာဂါကြောင့် ကျွဲ ၂ ကောင် နွားကောင် ၂ သေဆုံးခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ အင်းတော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောပါတယ်။ “ကျနော်တို့ ကိုယ်တိုင်ကဖြစ်တဲ့ဟာကို မမြင်ရဘူး။ သေတယ်ဆိုတဲ့ဟာက အငယ်လေးတွေဖြစ်တယ်။ တောထဲမှာ သေပြီးပုတ်နေတာလို့ရွာကပြောတယ်။ လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ ကျွဲတစ်ကောင်ပဲ ရွာထဲမှာလာဖြစ်တာ။ ဖြစ်တဲ့ဟာကိုလည်း မမြင်လိုက်ရဘူး မြှုပ်ပြီးမှသိလိုက်ရတာ။ ကျနော်တို့ ရွာကိုရောက်တဲ့အချိန်မှာ ရောဖြစ်နေတာ မရှိပါဘူး။ သေဆုံးသွားတဲ့ ကျွဲရဲ့ လဏ္ခာပြောပြချက်ရယ်၊ တောထဲမှာသေတဲ့ အငယ်လေးတွေရဲ့လဏ္ခာအရ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ဖို့များတယ်။” အလယ်ကျွန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က “အခုလက်ရှိကာကွယ်ဆေးတွေ လိုက်လံထိုးပေးနေပါတယ်။ ကိုယ့်ရွာက ကာကွယ်ဆေးမထိုးရသေးတဲ့ ကျွဲတွေ၊ နွားတွေ လိုက်လံစစ်ဆေးဖို့ ရာအိမ်မှူးတွေကို ပြောထားပါတယ်။ သက်ခါးရွာမှာ ကျွဲနှစ်ကောင်ရယ် အလယ်ကျွန်းမှာ တောထဲမှာသေပြီး ပုပ်နေတဲ့နွားနှစ်ကောင်တွေ့တယ်လို့ ကျနော်ကြားပါတယ်။ မနှစ်က ကျနော်တို့ရွာဘက်မှာတော့ ပေါင်ပုပ်လက်ပုပ်ဖြစ်ဖူးပါတယ်။ နှစ်မိုးသုံးမိုးအရွယ်လေးတွေ ဖြစ်တာပါ။ လက်ရှိရောဂဖြစ်နေတာမရှိပါဘူး။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကာကွယ်ဆေး လည်းလိုက်ထိုးနေပါပြီ။ စိုးရိမ်စရာမရှိပါဘူး” လို့ပြောပါတယ်။ မင်းကုန်းရွာ၊ အလယ်ကျွန်းရွာ၊ သက်ခါးကျေးရွာ ၃ ရွာဆုံ စားကျက်မြေမှာ ပေါင်ပုပ်လက်ပုပ်ရောဂါကြောင့် ဧပြီ ၁၉ ရက်က ကျွဲတကောင်သေဆုံးခဲ့ပြီး ယခုအခါ အင်းတော်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှကာကွယ်ဆေးမထိုးရသေးတဲ့ ကျွဲနွား တွေကို ကာကွယ်ဆေးထိုးခြင်း၊ လူထုအသိပညာပေးဟောပြောမှုတွေ ပြုလုပ်ခြင်း၊ စခန်းချရောဂါ သတင်းရယူခြင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
3 years Ago

January 4, 2018

အင်းတော်တွင် ရပ်ထားသည့် ကားကို ဆိုင်ကယ် ဝင်တိုက်၊ ၁ဦး သေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း နားခါကျေးရွာနားက တံတားမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ရပ်ထားတဲ့ ၆ ဘီးကားကို ဆိုင်ကယ်က ဝင်တိုက်မိရာ တဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်း နားခါကျေးရွာနားက တံတားမှာ ဘီးခွန်ဆောင်ဖို့ ရပ်ထားတဲ့ ၆ ဘီးကားကို ကိုဖိုးသဲမောင်းပြီး ကိုမောင်သိန်း လိုက်ပါတဲ့ ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ဖိုးသဲမှာ နှာခေါင်းပြတ်ရှ၊ သွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက် ပွန်းပဲ့ဒဏ်ရာ၊ မျက်ခုံး ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ အင်းတော်မြို့မရဲစခန်းက ဖိုးသဲကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
3 years Ago
More News
Up