ရုရှားနယ်စပ်အနီးက ပိုလန်နိုင်ငံ ဇာဂန်မြို့မှာ တပ်ချဖို့ အင်အားအလုံးအရင်း နဲ့ ရောက်လာတဲ့ အမေရိကန်တပ်တွေကို ပိုလန်အစိုးရက ဇန်န၀ါရီ ၁၄ ရက်နေ့က အခမ်းအနားနဲ့ တကွ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။
အမေရိကန်စစ်သည် ၃၅၀၀ ဟာ စစ်ကားအစီး ၉၀၀ ကျော်၊ စစ်လက်နက်တင် အထူးယဉ် ၄၀၀ျေက်ာနဲ့အတူ ပိုလန်နယ်စပ်မြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ကြိုဆိုပွဲအခမ်းအနားကို ပိုလန်ကာကွယ်ရေးဝန်ကြီးနဲ့အတူ ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
အခုလို အမေရိကန်ရဲ့တပ်ချမှုဟာ ပိုလန်နိုင်ငံနဲ့အတူ ဥရောပတတိုက်လုံး လုံခြုံရေးဖြစ်တယ်လို့ ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။
ပိုလန်နိုင်ငံသားတချို့ကတော့ ဒီလုပ်ရပ်ကြောင့် ရုရှားနဲ့ ဆက်ဆံရေးပိုဆိုး လာမယ်လို့ မှတ်ချက်ပေးပါတယ်။
ဒါဟာ စစ်အေးတိုက်ပွဲအပြီး အမေရိကန်ရဲ့ ပိုလန်မှာ အင်အားအကြီးဆုံး တပ်ချမှုလည်းဖြစ်ပါတယ်။
ရုရှားဘက်ကတော့ ဒီအခြေအနေကို ခြိမ်းခြောက်မှတခုလို့ ရှုမြင်ကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago