တိုက်စစ်မှူးနေမာဟာ ပေါင်သန်း ၂၀၀-၃၀၀ ထက်ပိုပြီး အကျိုးရှိတဲ့ ကစာသးမားတဦးဖြစ်တယ်လို့ အသင်းဖော် အင်နီယေစတာက ပြောကြားလိုက်ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ နေမာအတွက် ပီအက်စ်ဂျီအသင်းကမ်းလှမ်းတဲ့ ပေါင်သန်း ၂၀၀ ကျော်ကို စိတ်ဝင်စားမယ်မထင်ဘူးလို့လည်း အင်နီယေစတာက ပြောပါတယ်။
တိုက်စစ်မှူးနေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတဦးဖြစ်ပြီး ဘာစီလိုနာအသင်းမှာလည်း အကောင်းဆုံးကစားသမားဖြစ်စေချင်တယ်လို့ အင်နီယေစတာက ဆိုပါတယ်။
နေမာအနေနဲ့ အသင်းဖော် ဆီမီဒိုနဲ့ လေ့ကျင့်ရေးကွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ ဖြစ်လေ့ရှိတဲ့အရာလို့ အင်နီယေစတာက ဆက်ပြီးပြောပါတယ်။
ပီအက်စ်ဂျီအသင်းဘက်က မက်မောလောက်စရာငွေကြေးနဲ့ ကမ်းလှမ်းထားပေမယ့် နေမာ အသင်းကထွက်ခွာမယ်လို့ မထင်တဲ့အကြောင်းလည်း အင်နီယေစတာက ပြောကြားခဲ့ပါတယ်။
6 years Ago