ဘာစီလိုနာအသင်းက အသင်းခေါင်းဆောင် အင်နစ္စတာကို တသက်တာ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
ဒီစာချုပ်ကြောင့် ကွင်းလယ်သမား အင်နစ္စတာဟာ လက်ကျန် ကစားသမားဘ၀ကို ဘာစီလိုနာအသင်းမှာ စိတ်ကြိုက် ဖြတ်သန်းခွင့်ရမှာပါ။
အဲဒီစာချုပ်မှာ သက်တမ်းမရှိဘဲ အင်နစ္စတာ ကစားနိုင်သလောက် အသင်းမှာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် စပိန်လက်ရွေးစင်ဟာ ကတ်တလန်ကလပ် ဘာစီလိုနာအတွက် ပွဲပေါင်း ၆၃၉ ပွဲ ကစားပေးထားပြီး ၅၅ ဂိုး သွင်းယူထားပါတယ်။
အင်နစ္စတာဟာ ဘာစီလိုနာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ သူလည်း ဖြစ်ပါတယ်။
သူဟာ အသင်းနဲ့အတူ စပိန် လာလီဂါ အမှတ်ပေးချန်ပီယံဆု ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိထားပါတယ်။
ကွင်းလယ်သမားဟာ စပိန်လက်ရွေးစင်အသင်းနဲ့တော့ ယူရိုချန်ပီယံဆုကို ၂ ကြိမ်၊ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၁ ကြိမ် အသီးသီး ရယူထားပါတယ်။
5 years Ago