အင်နစတာ

July 2, 2018

စပိန် ကွင်းလယ်ဖန်တီးရှင် အင်နစတာ ကစားသမားဘ၀မှ အနားယူပြီ

စပိန် ကွင်းလယ်ဖန်တီးရှင် အင်နစတာက လက်ရွေးစင် ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ကွင်းလယ်သမားဟာ စပိန်အသင်း ရှုံးထွက်အဆင့်မှာ ရုရှားကိုရှုံးပြီး ပြိုင်ပွဲကနေ ထွက်ရအပြီး အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။ အသက် ၃၄ နှစ်အရွယ် စပိန် ကွင်းလယ်သမားက ဒီပွဲက လက်ရွေးစင်အသင်းအတွက် တကယ်ကို နောက်ဆုံးပွဲပါလို့ ပြောပါတယ်။ ဘာစီလိုနာ ကွင်းလယ်သမား အင်နစတာဟာ ၂ဝ၁ဝ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက  စပိန်အသင်းအတွက် ချန်ပီယံဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သူဟာ လက်ရွေးစင်အသင်းနဲ့အတူ ၂ဝဝ၆ မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ၂ဝဝ၈ နဲ့ ၂ဝ၁၂ မှာ စပိန်အသင်းကို ဥရောပချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီနိုင်ခဲ့ပါတယ်။ အင်နစတာဟာ ဘာစီလိုနာမှာ ၆၇၄ ပွဲ ကစားပေးခဲ့ပြီး ဆုဖလားပေါင်း ၃၂ ခု ရယူပေးခဲ့ပါတယ်။ လတ်တလောမှာတော့ ကွင်းလယ်သမားဟာ ဂျပန်ကလပ် ဗစ်ဆဲ ကိုဘေးအသင်းကို ပြောင်းရွှေ့သွားပါတယ်။  
3 years Ago
Up