အင်ဒိုရေတံခွန် ရုတ်တရက်ရေကြီးမှုကြောင့် ၁၇ ဦး သေဆုံး

May 18, 2016

အင်ဒိုရေတံခွန် ရုတ်တရက်ရေကြီးမှုကြောင့် ၁၇ ဦး သေဆုံး

အင်ဒိုနိးရှားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ရေတံခွန်မှာ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က ရေကြီးမှုအတွင်း လူ ၁၇ ယောက်သေဆုံးပြီး နောက်ထပ် ၄ ယောက်လည်း ပျောက်ဆုံးနေပါတယ်။ တက္ကသိုလ်ကျောင်းသား အယောက် ၇၀ ပါတဲ့ အဖွဲ့ဟာ ဧည့်လမ်းညွန်တွေနဲ့ အတူ ရောင်စဉ် နှစ်သွယ် စီဘိုလန်ဂစ်(Sibolangit)ရေတံခွန်မှာ အလည်သွားနေတုန်း ရေကြီး ရေလျှံမှုနဲ့ ကြုံရတာလို့ ဆိုပါတယ်။ စူမားတြားကျွန်းမြောက်ပိုင်းက ထင်ရှားတဲ့ တောတွင်းရေတံခွန်ဟာ စနေ၊ တနင်္ဂနွေမှာ အပန်းဖြေသူတွေ အလည်အပတ်များပါတယ်။ ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရာမှာ ည သန်းခေါင်မှာ ပထမဆုံး အလောင်းတလောင်းကို စတင်တွေ့ရှိခဲ့ရပါတယ်။  ကျောင်းသားတယောက်ရဲ့ ပြန်ပြောပြချက်အရ သူတို့တွေ ထမင်းစားနေတဲ့အချိန်မှာ ရွှံ့ရေတွေ ရေတံခွန်ပေါ်ကနေ ရုတ်တရက် ပြိုင်းကျလာတာလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင် အင်အား ၃၀၀ က ပျောက်ဆုံးနေတဲ့ လူ ၄ ယောက်ကို ဆက်လက် ရှာဖွေနေပါတယ်။
6 years Ago
Up