အင်ဒိုတောမီး ပမာဏများပြား၊ ထိန်းချုပ်ရေး ခက်ခဲဟု အာဏာပိုင်များပြော (ရုပ်သံ)

A d v e r t i s e m e n t With Us

October 17, 2015

အင်ဒိုတောမီး ပမာဏများပြား၊ ထိန်းချုပ်ရေး ခက်ခဲဟု အာဏာပိုင်များပြော (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ လက်တလော လောင်ကျွန်းနေတဲ့တောမီးဟာ ပမာဏများပြားလွန်းတဲ့အတွက် တောမီးကိုထိန်းချုပ်ရေး အခက်အခဲဖြစ်နေတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက အောက်တိုဘာ ၁၆ ရက်နေ့ ပြောဆိုပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မီးခိုးမြူတွေ ဆက်လက်ပျံ့လွှင့်ဖုံးအုပ်နေဆဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းနဲ့ ဘော်နီယိုကျွန်းနေရာတချို့မှာ တောင်ယာမီးရှို့မှုတွေကြောင့် အိမ်နီးချင်းမလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေကို မီးခိုမြူတွေ ရက်သီတင်းပတ်နဲ့ချီပြီး အုပ်ဆိုင်းခဲ့တာပါ။ အင်ဒိုအစိုးရကိုဟာ နှစ်စဉ်ဖြစ်ပွားနေတဲ့ တောင်ယာမီးရှို့မှုကို ကြပ်ကြပ်မတ်မတ်မထိန်းချုပ်တဲ့အပေါ် အိမ်နီးချင်းနိုင်ငံတွေက ပြစ်တင်ခဲ့ကြပါတယ်။ “တောမီးလောင်ကျွမ်းမှုဧရိယာဟာ ကြီးမားလွန်းတဲ့အတွက် အတော့်ကို မနိုင်မနင်းငြိမ်းသတ်နေရတယ်” လို့ အင်ဒိုဘေးအန္တရာယ် ခန့်ခွဲရေးအရာရှိချုပ်က ဆူမားတြားတောင်ပိုင်းမှာ တောမီးငြိမ်းသတ်မှု အခြေအနေသွားရောက်ကြည့်ရှုရင်း ပြောဆိုပါတယ်။ တောမီးငြိမ်းသတ်ရေး အင်ဒိုနီးရှားနိုင်ငံက မနိုင်တော့တဲ့အတွက် နိုင်ငံတကာအကူအညီတောင်းခံခဲ့ပြီး မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က မီးသတ်လေယာဉ်တွေ စေလွှတ်ပြီး တောမီးကူညီငြိမ်းသတ်မှု စတင်နေပါပြီ။ သြစတြေးလျမီးသတ်လေယာဉ်တစင်းလည်း အောက်တိုဘာ ၁၅ ရက်နေ့ တောမီးငြိမ်းသတ်ရေးလုပ်ငန်းမှာ စတင်ပါဝင်လာပါတယ်။ အင်ဒိုနီးရှားသမ္မတကတော့ လာမယ့်တပတ်အတွင်း တောမီးကို အပြီး ငြိမ်းသတ်နိုင်မယ်လို့တော့ ပြောဆိုထားပါတယ်။ လက်ရှိစင်ကာပူနိုင်ငံရဲ့ လေထုညစ်ညမ်းမှုဟာ ပုံမှန်ထက် ညွှန်းကိန်း ၁၅၀ မှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
5 years Ago
Up