အင်ဒိုအမျိုးသမီး ၂ ဦး

A d v e r t i s e m e n t With Us

November 9, 2016

အင်ဒိုအမျိုးသမီး ၂ ဦးအား အဓမ္မကျင့်သတ်ခဲ့သည့် ဗြိတိန်နိုင်ငံသားကို ထောင်တသက်တကျွန်းချ

ဟောင်ကောင်မှာ ၂၀၁၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသူ ၂ ဦးကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဗြိတိန်ဘဏ်ဝန်ထမ်း ရူးရိခ် ဂျတင်ကို ပြစ်မှုထင်ရှားကြောင်း တရားရုံးက နိုဝင်ဘာ ၈ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရူးရိခ် ဂျတင် (Rurik Jutting) ကတော့ လူသတ်မှု မဟုတ်ဘူး။ လူသေမှုသာ ဖြစ်တယ်လို့ ငြင်းဆန်ခဲ့ပေမယ့် တရားသူကြီးက လူသတ်မှုနဲ့ လူသေမှုပါ စီရင်ချက်ချလိုက်ပါတယ်။ အသက် ၂၆ နှစ်နဲ့  အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ ၂ ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ထားတဲ့ ရုပ်အလောင်းတွေကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ဂျတင်ရဲ့ အိမ်ခန်းမှာ တွေ့ရှိခဲ့တာပါ။ ဂျတင်ဟာ သူ့ရဲ့ ဆိုးဆိုးရွားရွားလုပ်ရပ်တွေအတွက် ဖော်မပြနိုင်အောင် နောင်တရ တယ်လို့ ရေးသားထားတဲ့ ကြေညာချက်ကို သူ့ရဲ့ရှေ့နေက ဖတ်ပြခဲ့ပါတယ်။
4 years Ago
Up