အင်ဒိုနီးရှား ဆီတင်လေယာဉ် ဘီးချွတ်ယွင်းပြီး လေဆိပ်တွင် လျှောတိုက်ဆင်း

A d v e r t i s e m e n t With Us

September 13, 2016

အင်ဒိုနီးရှား ဆီတင်လေယာဉ် ဘီးချွတ်ယွင်းပြီး လေဆိပ်တွင် လျှောတိုက်ဆင်း (ရုပ်သံ)

အင်ဒိုနီးရှားလေကြောင်းလိုင်းတလိုင်းဖြစ်တဲ့ တရီဂါနာ (Trigana) လေကြောင်းလိုင်း ဆီတင်လေယာဉ်တစီးဟာ စက်တင်ဘာ ၁၃ ရက်နေ့က လေယာဉ်ဘီးချွတ်ယွင်းမှုဖြစ်ပြီး ပါပူအာကျွန်းအလယ်ပိုင်းက လေဆိပ်တခုမှာ လျှောတိုက်ဆင်းခဲ့ရပါတယ်။ လေယာဉ်ဟာ လောင်စာဆီတန်ချိန် ၁၄ တန်ကျော်နဲ့ ပါပူအာကျွန်း အလယ်ပိုင်းက ၀ါမယ်နာ (Wamena) လေဆိပ်အဆင်းမှာ ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ပါပူအာရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ လေယာဉ်မတော်တဆမှုအပြီး လေယာဉ်ကယ်ဆယ်ရေး၊ လေယာဉ်ပြေးလမ်း ပြုပြင်ရေးတွေအတွက် အာဏာပိုင်တွေက လေဆိပ်ကို ယာယီပိတ်ထားခဲ့ပါတယ်။ တရီဂါနာလေကြောင်းလိုင်းဟာ လေယာဉ်ပျက်ကျမှု၊ မတော်တဆမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၀ ကြိမ်ကတော့ လေယာဉ်ပြန်သုံးလို့မရအောင် တစီးလုံး ပျက်စီးခဲ့ပါတယ်။ အီးယူလေပိုင်နက်အတွင်း ပျံသန်းခွင့် ပိတ်ပင်ခံထားရတဲ့ အင်ဒိုလေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။
4 years Ago
Up