အင်ဒိုနီးရှား စီနာဘွန်မီးတောင် ပေါက်ကွဲ

December 28, 2017

အင်ဒိုနီးရှား စီနာဘွန်မီးတောင် ပေါက်ကွဲ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတ်တြားခရိုင် ကာရိုမြို့အနီးက စီနာဘွန်မီးတောင်ဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့ပြီး အမြင့် ၄ ဒသမ ၆ ကီလိုမီတာအထိ မီးခိုးနဲ့ ပြာမှုန်တွေ လွင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မီးတောင်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ အစိုးရ အရေးပေါ်ကယ်ဆယ်ရေးဌာန အကြီးအကဲက “ချော်ရည်တွေဟာ တောင်နဲ့ အရှေ့တောင်ဘက် နေရာနှစ်ခုဆီ ဦးတည်စီးဆင်းနေပါတယ်။ မီးတောင်ပြာမှုန်တွေဟာ ၄ ဒသမ ၆ ကီလိုမီတာအမြင့်ထိ လေထုထဲ ပြန့်ထွက်နေပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။ အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးဒဏ်တားဆီးရေး အေဂျင်စီက ဒေသခံတွေ အထူးသတိထား နေထိုင်ကြဖို့နဲ့ မီးတောင်ပတ်ပတ်လည် ၃ ကီလိုကနေ ၇ ကီလိုမီတာ အနီးတဝိုက်ကို သွားလာတာမျိုးမလုပ်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။ စီနာဘွန်မီးတောင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ကာ လူထောင်နဲ့ချီ အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up