အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ငလျင်လှုပ်၊ ၁ ဦးသေ ၂၂ ဦး ဒဏ်ရာရ

January 18, 2016

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ငလျင်လှုပ်၊ ၁ ဦးသေ ၂၂ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဘူရူကျွန်းမှာ ဇန်န၀ါရီ ၁၇ ရက်နေ့ မနက်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ ပမာဏရှိတဲ့ အဲဒီငလျင်ကြောင့် လူနေအိမ်ခြေ အနည်းဆုံး ၆၈ အိမ်လောက် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရသူ ဆူတိုပိုနူ ဂရိုဟိုက ပြောပါတယ်။ တခြားအိမ်ခြေ ၁၇၀ ကျော်ဟာလည်း အနည်းငယ် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒီပီအေသတင်းကို ကိုးကားပြီး သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ အဲဒီငလျင်ဟာ ဘူရူကျွန်းတောင်ပိုင်း ၆၆ ကီလိုမီတာအကွာ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာပါ။
6 years Ago
Up