အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းက အာချေးပြည်နယ်မှာ ဒီနေ့အစောပိုင်းက အင်အား ၆ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ ကျော် သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။
နေအိမ်အများအပြား ပြိုကျခဲ့တဲ့အတွက် အဆောက်အဦပျက်တွေအောက်မှာ လူအများအပြား ပိတ်ဆို့သေဆုံးမှာကိုလည်း ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။
အင်ဒိုနီးရှား မိုးလေ၀သအေဂျင်စီကတော့ ဆူနာမီဖြစ်ပွားနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၅ နာရီကျော်မှာ လှုပ်ခဲ့လို့ ဒေသခံတွေ အိမ်ပြင်ထွက်ပြေးခဲ့ကြရတာပါ။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းအား ၉ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အာချေးပြည်နယ်မှာ ဆူနာမီရိုက်ခတ်ခဲ့လို့ လူ ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
4 years Ago