အင်ဒိုနီးရှားတွင် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်

June 6, 2015

အင်ဒိုနီးရှားတွင် ကူးတို့လှေတစီး ပေါက်ကွဲမှုဖြစ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇွန် ၅ ရက်နေ့က ကူးတို့လှေတစီးရဲ့ အင်ဂျင်စက် ပေါက်ကွဲခဲ့လို့ ကမ္ဘာလှည့်ခရီးသည် ၁၁ ယာက် ဒဏ်ရာရပါတယ်။ ခရီးသည် ၁၂၉ ယောက်ကို တင်လာတဲ့ ကူးတို့လှေဟာ လွန်ဘုတ်ကျွန်းကနေ ဘာလီကျွန်းဆီကို အလာမှာ ခုလိုဖြစ်တာလို့ အင်ဒိုနီးရှား အစိုးရမီဒီယာ အန်တာရာက ပြောပါတယ်။ သေဆုံးသူ အစီရင်ခံတာ မရှိပါဘူး။ ကူးတို့လှေပေါ်မှာ သြစတြေးလျ၊ အီတလီ၊ အမေရိကန်၊ နယူးဇီလန်နဲ့ ဗြိတိန်က ခရီးသည်တွေ ပါတယ်လို့ အန်တာရာက ပြောပါတယ်။ ဒဏ်ရာရခရီးသည်တွေကို ဆေးကုသဖို့ ဒေသန္တရ ဆေးရုံကို တင်ပို့ထားပြီး တချို့ကိုတော့ ဇွန် ၆ ရက်နေ့မှာ ဘာလီကျွန်းကို လွှဲပြောင်း ကုသပေးမယ်လို့ ဒေသခံသတင်းထောက် တယောက်ကပြောပါတယ်။ အသေးစား ဒဏ်ရာရသူတွေကတော့ ဇွန် ၅ ရက်နေ့ကတည်းက ဆေးရုံက ဆင်းသွားပါပြီ။ လွန်ဘုတ်နဲ့ ဘာလီ ၂ နာရီ ခရီးစဉ်ဟာ အားလပ်ရက် အပန်းဖြေသူတွေကြား လူကြိုက်များပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ထောင်နဲ့ချီတဲ့ ကျွန်းတွေကြား ပြေးဆွဲနေတဲ့ ကူးတို့လှေတွေမှာ ညံ့ဖျင်းတဲ့ ဘေးကင်းရေး စံချိန်တွေ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
6 years Ago

April 19, 2015

အင်ဒိုနီးရှားတွင် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်

အကြမ်းဖက်မှု ဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုတခုကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာရှ အာဖရိက ထိပ်သီးညီလာခံ ကာလအတွင်း ဧပြီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် ညီလာခံဟာ ဘန်ဒေါင်ညီလာခံ အနှစ် ၆၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ လေ့ကျင့်မှုအတွင်းမှာ အကြမ်းဖက်သမားတွေက ညီလာခံ ခန်းမထဲအထိ ၀င်လာပြီး ညီလာခံ ကိုယ်စားလှယ်တွေကို ပြန်ပေးဆွဲသွားတဲ့ ပုံစံ၊ အထူးတပ်ဖွဲ့က ရဟတ်ယာဉ်နဲ့ ရောက်လာပြီး အကြမ်ဖက်သမားတွေ လက်ထဲကနေ ဓားစားခံတွေကို ကယ်ထုတ်တဲ့ ပုံစံမျိုးတွေ ပါဝင်ပါတယ်။ အင်ဒိုနိးရှား အစိုးရက ညီလာခံ လုံခြုံရေးအတွက် စည်းကမ်းတွေ အထူးတင်းကျပ်ထားပါတယ်။ မသက်ဆိုင်တဲ့ ယာဉ်အသွားအလာတွေကို ညီလာခံ ခန်းမရှိတဲ့ ပန်းခြံထဲကို ၀င်ခွင့်မပြုပါဘူး။ ညီလာခံ ကျင်းပနေချိန်အတွင်း ရဲအင်အား ၂၆၀၀၀ ချထားသလို၊ လက်ဖြောင့်သေနတ်သမား ၃၀ ကိုလည်း ညီလာခံ ခန်းမ ပတ်ပတ်လည်မှာ စောင့်ခိုင်းထားပါတယ်။ ညီလာခံကို ၃၄ နိုင်ငံက အစိုးရ အကြီးအကဲ၊ နိုင်ငံအကြီးအကဲတွေ တက်ရောက်နေပါတယ်။ ဂျာကာတာနဲ့ ဘန်ဒေါင်းမှာ ဧပြီ ၁၉ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပမယ်လို့ အင်ဒိုနီးရှား အစိုးရက ဆိုပါတယ်။ အာရှနဲ့ အာဖရိကတိုက်က နိုင်ငံပေါင်း ၇၇ နိုင်ငံက ကိုယ်စားလှယ်တွေ စေလွှတ်ထားပြီး ညီလာခံ ကိုယ်စားလှယ်ပေါင်း ၃၆၀၀ တက်ရောက်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဌာနက အတည်ပြုပါတယ်။  
6 years Ago
Up