အင်ဒိုနီးရှားတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်၊ မြေပြိုပြီး လူ ၁၉ ဦး သေဆုံး

November 30, 2017

အင်ဒိုနီးရှားတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်၊ မြေပြိုပြီး လူ ၁၉ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းကို နိုဝင်ဘာ ၂၉ ရက်နေ့က အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့တဲ့အတွက် မြေပြိုပြီး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ မုန်တိုင်းဝင်ရောက်ပြီးနောက် တံတားတစင်း ပြိုကျခဲ့ပြီး လမ်းတွေနဲ့ ရွာတွေ ရေနစ်မြုပ်ခဲ့ပါတယ်။ ဆိုင်ကလုန်းကြောင့် အိမ်ပေါင်းထောင်ချီ ရေလွှမ်းခဲ့ပြီး ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အနီးရှိ လေဆိပ်နှစ်ခုကို ခေတ္တပိတ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အနီးရှိ အပန်းဖြေ ဘာလီကျွန်းကနေ အရှေ့ပိုင်းကိုသွားတဲ့ လေကြောင်းခရီးစဉ်တွေလည်း မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up