အင်ဒိုနီးရှားတွင် ရှရီယာဥပဒေ ချိုးဖောက်သူ ၃ ဦးကို ကြိမ်ဒဏ်ပေး

July 17, 2017

အင်ဒိုနီးရှားတွင် ရှရီယာဥပဒေ ချိုးဖောက်သူ ၃ ဦးကို ကြိမ်ဒဏ်ပေး

အင်ဒိုနီးရှားနိုင်ငံမှာ ရှရီရာဥပဒေကို လက်ခံကျင့်သုံးတဲ့ တခုတည်းသောခရိုင်ဖြစ်တဲ့ အားဂျေးခရိုင်မှာ ရှရီရာဥပဒေကို ချိုးဖောက်ခဲ့လို့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ကြိမ်ဒဏ်ပေးခံခဲ့ရပါတယ်။ ချိုးဖောက်ခဲ့တဲ့ ၃ ဦး အပြစ်ဒဏ်ခံယူဖို့ မြို့မှာရှိတဲ့ စင်မြင့်တခုပေါ် မျက်နှာဖုံးစွပ်ထားသူတွေက ခေါ်ဆောင်လာပါတယ်။ စင်မြင့်အရှေ့ဘက်မှာ လူအုပ်ကြီးက အပြစ်ပေးတာကို ကြည့်ရှုဖို့ ထိုင်နေကြပြီး ကြည့်ရှုသူတွေထဲမှာ ကလေးတွေလည်း ရှေ့ဆုံးတန်းက ပါဝင်နေတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလူတွေ ဒီလို ကြိမ်ဒဏ်ပေးခံရတယ်ဆိုတာ မသိပေမယ့် အရက်သောက်လို့၊ လက်မထပ်ဘဲ လိင်ဆက်ဆံလို့၊ လိင်တူဆက်ဆံလို့ စတဲ့ အပြုအမူအရ ရာဇဝတ်မှုမြောက်တဲ့ အမှုတွေအတွက် ဒီလိုကြိမ်ဒဏ်ပေးတာလို့ သိရပါတယ်။ ရှရီရာဥပဒေကျင့်သုံးတဲ့ မွတ်ဆလင်တိုင်းပြည် တော်တော်များများမှာ ပြောင်းလဲလာပေမယ့် ပုံမှန်အားဖြင့် ကြိမ်ဒဏ်ပေးမှုကို လူထုကြားထဲမှာပဲ ပြုလုပ်ပါတယ်။ ကြိမ်လုံးက လက်ချောင်းလုံးထက် ပိုမကြီးရဘဲ ရိုက်တဲ့ပြင်းအားကလည်း အမာရွတ် အသေစွဲသွားတဲ့အထိ မရိုက်ရဘူးလို့ သိရကြောင်း ဒေးလီးမေးလ်သတင်းမှာ ဇူလိုင် ၁၄ ရက်နေ့က ရေးထားပါတယ်။
6 years Ago
Up