အင်ဒိုနီးရှားတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သားအချို့ ပြန်ရောက် (ဓာတ်ပုံ)

June 26, 2015

အင်ဒိုရောက် လှေစီးဒုက္ခသည်များ မရေရာသည့်အနာဂတ်ကို ရင်ဆိုင်နေရ

ပင်လယ်ထဲမျောပါအပြီး အင်ဒိုနီးရှား အာဏာပိုင်တွေက ကယ်တင်တာခံထားရတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၀၀၀ ကျော်ဟာ မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နေရပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ ၆၈၁ ယောက်ဟာ ပင်လယ်ပြင်မှာ လပေါင်းများစွာ မျောအပြီး အင်ဒိုနီးရှားနိုင်ငံ ကွာလာလန်ဆာမြို့ အနောက်မြောက်ပိုင်းက ဆိပ်ကမ်းနားမှာ ယာယီတဲတွေနဲ့ နေရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ မိုဟာမက် အဗ္ဗဒူ ရာဟင်က အိမ်ပြန်ဖို့ ခွင့်တောင်းထားကြောင်း ပြောပါတယ်။ “ရောက်နေတာ ၁ လရှိပြီ။ ကျန်ခဲ့တဲ့ မိသားစု ဘာဖြစ်နေတယ်ဆိုတာ မသိရဘူး။ ဘင်္ဂလားဒေ့ရှ်ကို ချက်ချင်းပြန်ဖို့ အစိုးရကို တောင်းပန်ထားတယ်။” ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀၀၀ လောက်ကို အရင်လက လူကုန်ကူးသူတွေက ပင်လယ်ထဲမှာ စွန့်ပစ်ထားအပြီး မလေးရှားနဲ့ အင်ဒိုနီးရှားကို ရောက်လာခဲ့ကြပါတယ်။ ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းနေထိုင်သူတွေ မလေးရှားနဲ့ အင်ဒိုနီးရှားကို မရောက်ခင် ရာဇဝတ်သားတွေ အသုံးအများဆုံး လူကုန်ကူးလမ်းကြောင်းပေါ်က ပထမဆုံး ရပ်နားရာနေရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လာတယ်ဆိုတဲ့ အမျိုးသမီးကတော့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်းသည်ကို ရှာဖို့ ကလေး ၃ ယောက်နဲ့အတူ အိမ်ကို စွန့်ခွာခဲ့တာလို့ ပြောပြီး အသိအကျွမ်းတွေကတဆင့် ခင်ပွန်းသည်ကို ရှာတွေ့အပြီး တတိယနိုင်ငံမှာ အခြေချဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားအစိုးရတို့ကလည်း ပင်လယ်က ရှာတွေ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်ပေးပြီး နိုင်ငံတကာ အကူအညီနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေကို သဘောတူထားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကိုယ်စားလှယ် သောမတ်စ် ဗားဂတ်စ်ကတော့ အချိန် ၁ နှစ်အတွင်း ပြန်လည်နေရာချထားဖို့က အချိန်တိုလွန်းတယ်လို့ ပြောပါတယ်။ “သူတို့အတွက် သင့်တော်တဲ့ အဖြေရှာတွေ့တာ သေချာစေဖို့ လုပ်နိုင်သမျှ အရာအားလုံးကို အမြန်ဆုံး လုပ်နေပါတယ်။ ဒါဟာ တခြားနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်တယ်။ ဒီအရေးဟာ ယူအန်အိပ်ခ်ျစီအာက ဆုံးဖြတ်နိုင်တဲ့ အရေး မဟုတ်ဘူး။” ထောင်နဲ့ချီတဲ့ ဘင်္ဂါလီတွေနဲ့ ရိုဟင်ဂျာဆိုသူတွေဟာ လူကုန်ကူးကွန်ရက်တွေကတဆင့် ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကို ထွက်လာဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြတာပါ။ အရင်လက ထိုင်းနိုင်ငံက လူကုန်ကူးကွန်ရက်တွေကို နှိမ်နင်းမှု စတင်ခဲ့လို့ ရွှေပြောင်းနေထိုင်သူတွေ ပြည့်နေတဲ့ လှေတွေကို လူကုန်ကူးသူတွေက ပင်လယ်ထဲမှာ စွန့်ပစ်ခဲ့ကြရာ အကျပ်အတည်းက ပေါက်ကွဲခဲ့ပါတယ်။ အကျပ်အတည်းသက်ရောက်ခံ နိုင်ငံတွေက ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ  စည်းဝေးခဲ့ကြပြီး လူကုန်ကူးတိုက်ဖျက်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းရင်း အကျပ်အတည်းကို အရင်းအမြစ်ကနေ ဖြေရှင်းဖို့ ကျယ်ပြန့်တဲ့ လုပ်ငန်းစဉ် စာရင်းကို အတည်ပြုခဲ့ကြပါတယ်။
6 years Ago

June 6, 2015

အင်ဒိုနီးရှားတွင် ကူးတို့လှေတစီး ပေါက်ကွဲမှုဖြစ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇွန် ၅ ရက်နေ့က ကူးတို့လှေတစီးရဲ့ အင်ဂျင်စက် ပေါက်ကွဲခဲ့လို့ ကမ္ဘာလှည့်ခရီးသည် ၁၁ ယာက် ဒဏ်ရာရပါတယ်။ ခရီးသည် ၁၂၉ ယောက်ကို တင်လာတဲ့ ကူးတို့လှေဟာ လွန်ဘုတ်ကျွန်းကနေ ဘာလီကျွန်းဆီကို အလာမှာ ခုလိုဖြစ်တာလို့ အင်ဒိုနီးရှား အစိုးရမီဒီယာ အန်တာရာက ပြောပါတယ်။ သေဆုံးသူ အစီရင်ခံတာ မရှိပါဘူး။ ကူးတို့လှေပေါ်မှာ သြစတြေးလျ၊ အီတလီ၊ အမေရိကန်၊ နယူးဇီလန်နဲ့ ဗြိတိန်က ခရီးသည်တွေ ပါတယ်လို့ အန်တာရာက ပြောပါတယ်။ ဒဏ်ရာရခရီးသည်တွေကို ဆေးကုသဖို့ ဒေသန္တရ ဆေးရုံကို တင်ပို့ထားပြီး တချို့ကိုတော့ ဇွန် ၆ ရက်နေ့မှာ ဘာလီကျွန်းကို လွှဲပြောင်း ကုသပေးမယ်လို့ ဒေသခံသတင်းထောက် တယောက်ကပြောပါတယ်။ အသေးစား ဒဏ်ရာရသူတွေကတော့ ဇွန် ၅ ရက်နေ့ကတည်းက ဆေးရုံက ဆင်းသွားပါပြီ။ လွန်ဘုတ်နဲ့ ဘာလီ ၂ နာရီ ခရီးစဉ်ဟာ အားလပ်ရက် အပန်းဖြေသူတွေကြား လူကြိုက်များပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ထောင်နဲ့ချီတဲ့ ကျွန်းတွေကြား ပြေးဆွဲနေတဲ့ ကူးတို့လှေတွေမှာ ညံ့ဖျင်းတဲ့ ဘေးကင်းရေး စံချိန်တွေ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
6 years Ago
More News
Up