အင်ဒိုနီးရှားတွင်

April 2, 2017

အင်ဒိုနီးရှားတွင် မိုးသည်းထန် မြေပြို၊ ၁၁ ဦး သေဆုံး (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်မှာ ဧပြီ ၁ ရက်နေ့က မိုးသည်းပြီး မြေပြိုခဲ့လို့ လူအနည်းဆုံး ၁၁ ဦး မြေထဲမြုပ်သွားပါတယ်။ ဂျင်းစိုက်နေတဲ့ ရွာသားတွေလည်း မြေပြိုတဲ့အထဲ ပါသွားတယ်လို့ ကပ်ဘေးအရာရှိ တယောက်က ပြောပါတယ်။ ရဲနဲ့စစ်သားတွေက အရှေ့ဂျာဗားဒေသ ပိုနိုရိုဂိုက ရွာထဲမှာ မြေပြိုဒဏ်သင့်တဲ့သူတွေကို ရှာဖို့ ရွှံ့နဲ့ အပျက်အစီးတွေကို ရှင်းလင်း ကူညီနေပါတယ်။ ပျောက်ဆုံးသူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ “အိမ်ခြေ ၃၀ aလာက်တော့ မြေပြိုဒဏ်သင့်ခဲ့တယ်၊ မြေသားတွေကို ဖယ်ထုတ်ဖို့ စက်ကြီးတွေ လိုတယ်လို့ ဒေသခံ အရာရှိတွေက ဆိုပါတယ်။ မြေပြိုတာ မြင်ဖူးဖို့ စုပြုံရောက်လာတဲ့ လူတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးသလို ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒေသခံ ကပ်ဘေး သက်သာရေး အေဂျင်စီတွေက လတ်တလော မိုးကြောင့် မြေပြိုမယ့်ဘေးကို သတိပေးခဲ့ပြီးသားပါ။ ရွာသားတွေက ခိုလှုံရေးစခန်းမှာ ညအိပ်ပြီး ဧပြီ ၁ ရက်နေ့က ရွာကို ပြန်လာချိန်မှာ ခုလို ဖြစ်ခဲ့တာပါ။
5 years Ago
Up