အင်ဒိုတွင်

February 11, 2017

အင်ဒိုတွင် မိုးကြီး မြေပြိုမှုကြောင့် ၁၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က မိုးကြီးပြီး တောင်ပြိုမြေပြိုဖြစ်တာကြောင့် တနှစ်အရွယ်ကလေးငယ်တဦးအပါအ၀င် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးဒဏ် ကယ်ဆယ်ရေးအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ ဘာလီကျွန်း ဘာတူ-မီးတောင်စောင်းရှိ ကင်တာမာနီခရိုင်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ တရက်လုံး မိုးသီးထန်စွာ ရွာသွန်းခဲ့တာကြောင့် မြိုပြိုမှု ၃ ခုဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက် နေအိမ်အတော်များများ ရွှံ့ညွန်တွေအောက် နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ အခုအခါ ဒေသခံအတော်များများကို အရေးပေါ်နေရာပြောင်းရွှေ့ထားပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ သဘာဝဘေးဒဏ်ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရ အမျိုးသားမိုးလေ၀သဌာနကတော့ လာမယ့်သီတင်းပတ်ကုန်အထိ ဘာလီကျွန်းမှာ မိုးသီးထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ သတိပေးထားကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up