မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့မှာ ထိုင်းက အင်ဒိုနီးရှားကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။
ပထမအကျော့ ဗိုလ်လုပွဲမှာတုန်းက အင်ဒိုနီးရှားက အိမ်ကွင်းမှာ ထိုင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။
ဒီပွဲမှာ ၂ ဂိုးပြတ်နဲ့အထက်နိုင်မာ ချန်ပီယံ ဖြစ်မှာမို့ ထိုင်းအသင်းဟာ ပွဲစကတည်းက ခပ်မာမာနဲ့ တိုက်စစ်ဆင် ကစားသွားပါတယ်။
ထိုင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံး တိုက်စစ်မှူး စီရော့ တယောက်တည်းက သွင်းယူပါတယ်။ ဒီပွဲမှာ ထိုင်းက ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း သာသလို ဂိုးပေါက် ကန်သွင်းမှု ၅ ကြိမ်အထိ ရခဲ့ပါတယ်။
နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ဂိုးနဲ့ ထိုင်းအသင်းက အာဆီယံ ဆူဇူကီး ချန်ပီယံဆုကို ရရှိသွားပါတယ်။ ဆူဇူကီး ချန်ပီယံဆုဟာ ထိုင်းအသင်းအတွက် စံချိန်တင် ၅ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
6 years Ago