အင်ဒို

May 12, 2018

မီးတောင်လှုပ်ခတ်နေ၍ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အင်ဒိုတာဝန်ရှိသူများ ညွှန်ကြား (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းနဲ့ ယိုဂျာကာတာမြို့ကြားမှာ တည်ရှိတဲ့ မီရာပီမီးတောင် လှုပ်ခတ်ခဲ့လို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ မေ ၁၁ ရက်နေ့မှာ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။ မီးတောင်လှုတ်ခတ်မှုကြောင့် ချော်နဲ့ပြာတွေ ပေ ၁၈၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယိုဂျာကာ ယိုဂျာကာတာမြို့က လေဆိပ်ကို ပြာတွေကြောင့် ပိတ်ထားခဲ့ရပါတယ်။ သဘာဝဘေး အန္တရာယ်ကာ ကွယ်စောင့် ရှောက်ရေးဌာနကလည်း မီးတောင်နဲ့ ၃ မိုင်အကွာပတ်လည်မှာ နေထိုင်ကြသူတွေကို ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းဖို့ ပြောကြားထားပါတယ်။
4 years Ago

April 8, 2015

အင်ဒိုတွင် ကျွန်ပြုခံ ထိုင်းများကို ထိုင်းလေတပ်သွားကယ်

အင်ဒိုနီးရှားမှာ ကျွန်ပြုခိုင်းစေခံရပြီး ထွက်ပြေးလာတဲ့ ထိုင်းငါးဖမ်းသမား ၈၆ ဦးကို ကယ်တင်ဖို့ ထိုင်းနိုင်ငံ လေတပ်က စီ-၁၃၀ သယ်ဆောင်ရေးလေယာဉ်ဟာ ဧပြီ ၈ရက် ဘန်ကောက်ကနေ ထွက်ခွာသွားပါတယ်။ တော်ဝင်လေတပ်က ပြောခွင့်ရက လေယာဉ်မောင်းသမား ဆရာဝန် သူနာပြု ၂၂ ဦး ပါဝင်တဲ့ လေယာဉ်ဟာ ဒုံမောင်းလေဆိပ်ကနေထွက်သွားတယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှား အမ်ဘွန်ကို ၈ နာရီရောက်မှာ ဖြစ်သလို အဲဒီမှာ တညနေပြီး ဧပြီ ၉ ရက်နေ့မှာ ထိုင်းအလုပ်သမားတွေကို တင်ဆောင်ကာ ဘန်ကောက်ကို ပြန်လာမှာ ဖြစ်ပါတယ်။ ကျွန်ပြုခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ထိုင်းလူမှုရေး လုပ်သားတွေက ငါးဖမ်းသမားတွေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာ လာအို ကမ္ဘောဒီးယား နိုင်ငံသားတွေကလည်း ထိုင်းအာဏာပိုင်တွေထံကနေ အကူအညီတောင်းခံခဲ့ပါတယ်။ ထိုင်းအရာရှိတွေက ထိုင်းအလုပ်သမား ၁၁၂ ဦးရဲ့ ဂူတွေကို အမ်ဘွန်နဲ့ဘန်ဂျီနားကျွန်းတွေမှာ တွေ့ရှိခဲ့ပါတယ်။
7 years Ago
Up