အင်ဒီမာရေး

March 13, 2017

အင်ဒီယန်းဝဲလ်စ် တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ် ၁ အင်ဒီမာရေး ရှုံးပြီး ပြိုင်ပွဲမှထွက်

အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ အင်ဒီယန်းဝဲလ်စ် (Indian Wells) တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဒုတိယအဆင့်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ် ၁ အင်ဒီမာရေး ရှုံးပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်သွားရပါတယ်။ ဗြိတိန်သား မာရေးဟာ လက်ရည်စစ်ပွဲ အောင်မြင်လာတဲ့ ကနေဒါနိုင်ငံက ဗာဆက် ပိုစပီဆယ်ကို ၂ ပွဲပြတ်နဲ့ ရှုံးနိမ့်သွားတာပါ။ ကမ္ဘာ့အဆင့် ၁၂၉ ရှိ ကနေဒါနိုင်ငံသားအတွက်တော့ မာရေးနဲ့ ၅ ကြိမ် ဆုံထားပြီး ပထမဆုံးအကြိမ်အဖြစ် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မာရေးအနေနဲ့ ကနေဒါနိုင်ငံသားရဲ့ စပေးဘောနဲ့ အပြန်အလှန် ရိုက်ချက်တွေကို မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ ဗာဆက် ပိုစပီဆယ်က ပထမပွဲကို ၆-၄၊ ဒုတိယပွဲကို ၇-၅ နဲ့ အနိုင်ယူပြီး အင်ဒီယန်းဝဲလ်စ်ပြိုင်ပွဲမှာ တတိယအဆင့်ကို တက်ရောက်သွားပါတယ်။
5 years Ago

January 23, 2017

ကမ္ဘာ့နံပါတ် ၁ အင်ဒီမာရေး သြစတြေးလျအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် ရှုံးနိမ့်

ဇန်နဝါရီ ၂၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း စတုတ္ထအဆင့်မှာ ကမ္ဘာ့နံပါတ် ၁ အင်ဒီ မာရေး ရှုံးပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်သွားရပါတယ်။ ဗြိတိန်သား အင်ဒီမာရေးဟာ ဂျာမနီက ကမ္ဘာ့အဆင့် ၅၀ ဖြစ်တဲ့ ဇာဘရက်ကို အရှုံးပေးလိုက်ရတာပါ။ ဒီပွဲမှာ မာရေးဟာ စပေးဘောကို ၈ ကြိမ်အထိ အမှားအယွင်းရှိခဲ့ပြီး ၁ ပွဲနိုင် ၃ ပွဲရှုံးနဲ့ ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရတာပါ။ မာရေးဟာ ၂၀၀၉ နောက်ပိုင်း သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသားတွေထဲ ပြိုင်ပွဲကနေ အစောဆုံး ထွက်ရတဲ့သူအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဂျာမနီနိုင်ငံသား ဇာဘရက်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရော်ဂျာ ဖက်ဒရာ ဒါမှမဟုတ် ဂျပန်နိုင်ငံသား နီရှီကိုရှီနဲ့ ဆုံရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာ မာရေးကတော့ အခုနိုင်ပွဲဟာ ဇာဘရက်နဲ့ ထိုက်တန်တယ်လို့ ပြောဆိုသွားပါတယ်။
5 years Ago
More News
Up