အင်ဒီကာရိုး

A d v e r t i s e m e n t With Us

August 22, 2016

ဝက်စ်ဟမ်းတိုက်စစ်မှူး အင်ဒီကာရိုး ၆ ပတ်ခန့် နားရမည်

ဝက်စ်ဟမ်းတိုက်စစ်မှူး အင်ဒီကာရိုးလ်ဟာ ဒူးဒဏ်ရာကြောင့် ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း အင်ဒီကာရိုးလ်ဟာ ရိုမေးနီးယားက လပ်အက်စ်ထရာနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ  ဒူးဒဏ်ရာ ရရှိခဲ့တာပါ။ ကာရိုးလ် ဒဏ်ရာရသွားတဲ့အတွက် အသင်းအတွက်ရော သူ့အတွက်ပါ ၀မ်းနည်းရကြောင်းနဲ့ သူပွဲထွက်ပါဝင်ကစားခြင်း မရှိတာဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမူ ဖြစ်တယ်လို့ ၀က်စ်ဟမ်းနည်းပြ ဘီလစ်က ဆိုပါတယ်။ ၀က်စ်ဟမ်းအသင်းမှာ ပြီးခဲ့တဲ့တပတ်ကလည်း ဆွမ်ဆီးကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အန်ဒရီအာယူးကလည်း ပေါင်ခြံဒဏ်ရာကြောင့် ၄ လ အနားယူရမှာဖြစ်လို့ တိုက်စစ်ပိုင်း အခက်တွေ့ဖွယ် ရှိနေပါတယ်။
5 years Ago
Up