အင်ဒိုမီးတောင်ပြာ ထုတ်လွှတ်မှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း (ရုပ်သံ)

December 13, 2015

အင်ဒိုမီးတောင်ပြာ ထုတ်လွှတ်မှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ဘရိုမိုမီးတောင်မှ မီးတောင်ချော် ပြာတွေ ထုတ်လွှတ်နေတာကြောင့် မလဲန်မြို့အနီးအနား လေဆိပ်လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဘရိုမိုမီးတောင်ဟာ အမြင့်မီတာ၂၃၂၉ ရှိပြီး ပြီးခဲ့တဲ့လကတည်းက ပေါက်ကွဲမယ့် အခြေအနေ ရှိနေခဲ့တာဖြစ်ပြီး ဒေသတွင်းအစိုးရအနေနဲ့ အမြင့်ဆုံးစိုးရိမ်မှတ် အောက်တဆင့်နိမ့် အခြေအနေလို့ ထုတ်ပြန်ခဲ့ရတာပါ။ မီးတောင်လေ့လာတဲ့ ပညာရှင်တွေက မီးတောင်ချော်ပြာတွေဟာ အမြင့်ဆုံးမီတာ ၄၀၀ ထိ မြင့်တက်နိုင်ပြီး နိုင်ငံရဲ့ အနောက်တောင်ဘက်ဆီ ဦးတည်နေတယ်လို့ ပြောပါတယ်။ မီးတောင်လေ့လာတဲ့ ပညာရှင်အဖွဲ့အကြီးအကဲ အာမက်ဒ်ဆပ်ဘ်ဟန်က “မီး တောင်ချော်ပြာတွေဟာ ခုပိုပြီးတော့မြင့်လာတယ်၊ မီတာ ၂၀၀ ကနေ ၄၀၀ ထိမြင့်တက် နိုင်တယ်”လို့ ပြောပါတယ်။ Untitled-2 copyမီးတောင်ချော်ပြာ ထုတ်လွှတ်မှုလမ်းကြောင်းနဲ့ မလွတ်လို့ ရပ်ဆိုင်းထားရတဲ့ လေ ကြောင်းခရီးစဉ်မှာပါဝင်တဲ့ ခရီးသည်တွေဟာ လေဆိပ်ထဲမှာ စောင့်ဆိုင်းနေကြရတာပါ။ “လေကြောင်းလိုင်းက ကျနော်တို့ကို ဘာမှကြိုမပြောခဲ့ဘူး။ ဒါပေမယ့် ကျနော်တို့ ဒီလောက်များတဲ့ ခရီးသည်အုပ်ကြီးခုလိုစောင့်နေရတည်းကနားလည်ပါတယ်။ သဘာဝ ဘေးတခုခုကြောင့် ဖြစ်တယ်ဆိုတာကိုပေါ့” လို့ ခရီးသည် ယုဒိဆက်ချန်တိုက ပြောပါတယ်။
7 years Ago
Up