အင်ဒိုနီးရှား ယူ ၁၉

A d v e r t i s e m e n t With Us

September 11, 2016

အင်ဒိုနီးရှား ယူ ၁၉ အသင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေကြောင်း ဦးမျိုးလှိုင်ဝင်း ပြော

စက်တင်ဘာ ၁၂ ရက်နေ့မှာ အင်ဒိုနီးရှား ယူ ၁၉ အသင်းနဲ့ ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြား လိုက်ပါတယ်။ နောက်ပြီးတော့ အကောင်းဆုံးကြိုးစားပြီးတော့ အနိုင် ၃ မှတ်ရအောင် ပြင်ဆင်ထား တယ်လို့လည်း ဦးမျိုးလှိုင်ဝင်းက ဆိုပါတယ်။ မြန်မာ ယူ ၁၉ အသင်းဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ AFF U 19 Championship 2016 ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ မြန်မာအသင်းအနေနဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ အင်ဒိုနီးရှား၊ စက်တင်ဘာ ၁၄ ရက်နေ့မှာ သြစတြေးလျ၊ စက်တင်ဘာ ၁၆ ရက်နေ့မှာ လာအို၊ စက်တင်ဘာ၁၈ ရက်နေ့မှာ ကမ္ဘောဒီးယား၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာ ယူ ၁၉ အသင်းဟာ ယခုပွဲစဉ်မတိုင်ခင် ပြင်ဆင်မှုအဖြစ် KBZ Bank U19 Cup ၄ နိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မန္တလေးမှာ ကျင်းပခဲ့ပေမယ့်လည်း အဆင့် ၄ နေရာပဲရရှိခဲ့ပြီးတော့ အောင်မြင်မှု မရခဲ့ပါဘူး။
4 years Ago
Up