အင်ဒိုနီးရှား ဘာလီကျွန်းတွင်

April 22, 2018

အင်ဒိုနီးရှား ဘာလီကျွန်းတွင် အမှိုက်များကြောင့် ညစ်ညမ်းမှု မြင့်တက်

အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းမှာ ပလတ်စတစ်အမှိုက်တွေကြောင့် ပင်လယ်ဝန်းကျင် ညစ်ညမ်းမှု မြင့်တက်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ပင်လယ်ဝန်းကျင်မှာ ပလတ်စတစ်အမှိုက် ဒုတိယ အများဆုံးရှိနေတဲ့နိုင်ငံလို့ အင်ဒိုနီးရှား အစိုးရက ပြောပါတယ်။ ဘာလီကျွန်းမှာ ခရီးသွားများတဲ့ ကာလမှာ ဈေးရောင်းချကြတဲ့ ဒေသခံစီးပွားရေး သမားတွေကြောင့် အမှိုက်တွေ ပိုစုပုံလာနေတာပါ။ အခုနှစ် အစောပိုင်းကလည်း ဘာလီအစိုးရဟာ အမှိုက်ကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။ ကျွန်းအုပ်ချုပ်ရေးအဖွဲ့ဟာ ကျွန်းတလျှောက်မှာရှိတဲ့ အမှိုက်တွေကို စက်အား၊ လူအား သုံးပြီး ရှင်းလင်းနေပါတယ်။ ရာသီအလိုက် တိုက်ခတ်တဲ့လေပြင်းတွေကြောင့် ကမ်းခြေတစ်ကြော သောင်တင်လာတဲ့ သမုဒ္ဒရာထဲက စွန့်ပစ်အမှိုက် တန် ၁၀၀ ကျော်ကို ဖယ်ရှား နိုင်ခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြပ်အတည်းအဖြစ် ကြေညာဖို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။ အာရှ-ပစိဖိတ်ဒေသတွင်းမှာ ဈေးဝယ်အိတ်၊ ငါးဖမ်းပိုက်၊ လက်ဖက်ရည်အိတ်တွေ အပါအ၀င် ပလတ်စတစ်ပစ္စည်း အရေအတွက် သန်းတထောင့်တရာကျော်ဟာ သန္တာကျောက်တန်းတွေမှာ ချိတ်ညိနေတယ်လို့ သိပ္ပံဂျာနယ်မှာ အခုနှစ်အစောပိုင်းက ဖော်ပြထား ပါတယ်။
3 years Ago
Up